International News

ယူအေအီးနိုင်ငံမှ ရုရှား-ယူကရိန်းပဋိပက္ခအား ထိခိုက်စေနိုင်သည့်စက်ပစ္စည်းများ တင်ပို့ခြင်းအပေါ် ကန့်သတ်သွားရန် ဆွေးနွေး

Last Updated:

ယူအေအီးနိုင်ငံသည် အမေရိကန်နှင့်အီးယူတို့မှ ကန့်သတ်ထားသည့် ရုရှား-ယူကရိန်း ပဋိပက္ခအပေါ် အကျိုးသက် ရောက်မှုရှိစေမည့် စက်ပစ္စည်းများနှင့် အခြားအစိတ်အပိုင်းများ တင်ပို့ခြင်းအပေါ် ပို့ကုန်လိုင်စင်ထုတ်ပေးခြင်းစနစ် အား ပြင်ဆင်ဆုံးဖြတ်သွားမည် ဖြစ်သည်။ အဆိုပါစနစ်သည် ပဋိပက္ခဖြစ်ပွားရာဒေသသို့ နှစ်မျိုးသုံးကုန်ပစ္စည်းများ တင်ပို့နေမှုအပေါ် လိုင်စင်ထုတ်ပေးခြင်းမပြုဘဲ ထားနိုင်မည် ဖြစ်သည်။

လတ်တလောတွင် ရုရှားနိုင်ငံသည် ၎င်းအား ကုန်သွယ်မှုအရ ပိတ်ဆို့မှုများ ဆောင်ရွက်ထားရှိသည့် အမေရိကန် နိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့်ဥရောပနိုင်ငံတို့ရှိသည့်တိုင်  ပိတ်ဆို့မှုများ ဆောင်ရွက်ထားခြင်းမရှိသည့် အခြားသော တတိယ နိုင်ငံများမှ ဖြတ်သန်း၍ စစ်လက်နက်ဆိုင်ရာကုန်ပစ္စည်းများ တင်ပို့လျက် ရှိသည်။

ယူအေအီးနိုင်ငံအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင် သွင်းကုန်/ပို့ကုန် ထိန်းချုပ်ထားသည့် ကုန်ပစ္စည်းစာရင်းရှိပြီး အမေရိကန်နှင့်အီးယူတို့နှင့် ဆောင်ရွက်နေသော ပို့ကုန်လိုင်စင် အစီအစဉ်အရ အငြင်းပွားမှုများရှိနေသည့် ဦးစားပေးအဆင့်တွင်ရှိနေသည့် စစ်လက်နက်ဆိုင်ရာကုန်ပစ္စည်းများတွင် အမျိုးအစား ၄၅ မျိုး ထပ်မံထည့်သွင်း သွားမည်ဖြစ်ရာ အဆိုပါအစီအစဉ်အရ ကုမ္ပဏီများအနေဖြင့် ဖော်ပြပါ ကုန်ပစ္စည်းများ ပြန်လည်တင်ပို့ခြင်း ဆောင်ရွက်မည်ဆိုပါက သာမန်ပြည်သူများသုံးစွဲရန်အတွက်သာဖြစ်ကြောင်း အထောက်အထားများ တင်ပြရန် လိုအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

source: (ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ ဖိလစ်ပိုင်)

Category: International News