International News

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် စားသောက်ကုန်ပစ္စည်းများ တင်ပို့မှု ရပ်ဆိုင်းခြင်းနှင့်စပ်လျဉ်း၍ ယူကရိန်းမှ အယူခံဝင်သွားမည့်အစီအစဉ်

Last Updated:

စိုက်ပျိုးရေးပစ္စည်းများ ကုန်သွယ်မှုအတွက် ညှိနှိုင်းသဘောတူညီချက်အရ အငြင်းပွားမှုကို အဆုံးသတ်သွားရန် အပြုသဘောဆောင်သည့် စကားဝိုင်းများအား ဆောင်ရွက်သွားမည်ဖြစ်ပြီး အီးယူအဖွဲ့ဝင် ၃ နိုင်ငံသို့ အယူခံဝင် တင်ပြသွားမည်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂမှ ရိုမေးနီးယားနှင့် ဘူဂေးလ်ရီးယားအပါအဝင် ယူကရိန်း၏ အိမ်နီးချင်း (၅) နိုင်ငံများသို ကုန်ပစ္စည်းများ ရောင်းချမှုအား ထပ်မံတိုးမြှင့်ဆောင်ရွက်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ပြီးနောက် ပိုလန်၊ ဆလိုဗက်ကီးယားနှင့် ဟန်ဂေရီ နိုင်ငံတို့က ယူကရိန်းနိုင်ငံမှ ကုန်ပစ္စည်းတင်သွင်းခြင်းကို ကန့်သတ်လိုက်ကြောင်း ကြေညာခဲ့ကြောင်း သိရှိရသည်။

ယူကရိန်းနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးဆိုင်ရာ တိုင်ကြားခံရခြင်းဖြစ်ပြီး ကုန်သွယ်ရေးအငြင်းပွားမှုကို ပထမဆုံးအဆင့်အနေဖြင့် အရေးယူဖြေရှင်းရမည်ဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ အတည်ပြုပြောကြားခဲ့ ကြောင်း၊ ယူကရိန်းမှလည်း တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် အဆိုပါနိုင်ငံများမှ တစ်နိုင်ငံခြင်း တားမြစ်ချက်များ အပေါ် ညှိနှိုင်းဆောင်ရွက်ခြင်းမပြုပါက ပိုလန်နှင့် ဟန်ဂေရီနိုင်ငံတို့မှ သတ်မှတ်ကုန်ပစ္စည်းအမျိုးအစားများအပေါ် တင်သွင်းခြင်းဆိုင်ရာ ကန့်သတ်ချက်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံခြင်းစီ၏ တားမြစ်ချက်များသည် မညီမျှမှုများ၊ ခွဲခြားဆက်ဆံမှုများရှိနေသည်ကို သက်သေပြရန် ယူကရိန်းမှလည်း စုံစမ်းစစ်ဆေးမှုပြုရာတွင် ပါဝင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

source: (ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ ဖိလစ်ပိုင်)

Category: International News