Local News

မောင်တောကုန်သွယ်ရေးစခန်း၏၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁-၉-၂၀၂၃မှ၂၄-၉-၂၀၂၃ထိ) တင်ပို့/တင်သွင်းမှုအခြေအနေ

Last Updated:

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ စက်တင်ဘာလလျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၀)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၄၀)ဒေါ်လာသန်းဖြစ်ပြီး စက်တင်ဘာလ (၁-၉-၂၀၂၃ မှ ၂၄-၉-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁.၂၅၈)ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၀၄)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၁.၂၆၂)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၈၁.၉၅%)ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်တယ်။

မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့လျက်ရှိပါတယ်။ စက်တင်ဘာလ (၁-၉-၂၀၂၃ မှ၂၄-၉-၂၀၂၃ထိ) တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းမှာ ချင်း(အစို) (၁၄၂) တန်၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ ကွမ်းသီး (၄၆၇.၉၀) တန်၊ တန်ဖိုး (၀.၂၄၆) ဒေါ်လာသန်း၊ ဒညင်းသီး (၄၈)တန်၊ တန်ဖိုး(၀.၀၁၄) ဒေါ်လာသန်း၊ အုန်းသီးခြောက် (၁၉)တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ ထန်းလျက် (၅.၉)တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာ သန်း၊ နနွင်းတက် (၂)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ တံမြက်စည်း (၄)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ ရေထွက်ပစ္စည်းမှာ ငါးမြစ်ချင်း (၆၀၁.၇၂၁)တန်၊ တန်ဖိုး (၀.၇၆၃) ဒေါ်လာသန်း၊ ငါးနီတူခြောက်(၄) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ ငါးစုံလေးခြောက် (၆၂.၅)တန်၊ တန်ဖိုး (၀.၀၄၀ဒေါ်လာသန်း၊ ငါးခေါင်းပွ (၆၉.၉၀) တန်၊ တန်ဖိုး (၀.၀၉၃)ဒေါ်လာသန်း၊ ငါးကုန်းညိုခြောက် (၃)တန်၊ တန်ဖိုး (၀.၀၀၅)ဒေါ်လာသန်း၊ ငါးသလောက် (၁.၅)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်းများမှာဇီးယိုထုပ် (၃၅)တန်၊ တန်ဖိုး (၀.၀၁၆)ဒေါ်လာသန်း၊ ထွန်းရွှေဝါလိမ်းဆေး (၉)တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ သနပ်ခါးခဲ (၉.၅)တန်၊ တန်ဖိုး (၀.၀၀၅)ဒေါ်လာသန်း၊ မုန့်ဖတ်ခြောက်(၁.၃)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ ဆန်ကြာဆံ (၂)တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း တင်ပို့ခဲ့ပါတယ်။ သွင်းကုန်အပိုင်းတွင် စက်တင်ဘာ လ (၁-၉-၂၀၂၃ မှ ၂၄-၉-၂၀၂၃)ထိ တင်သွင်းခဲ့သည့်ကုန်ပစ္စည်းများမှာ Plastic Pipe (၁၇၀၀)Kg ၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊  Aluminium Water Pot (၃၀၀)Kg ၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ Men's T-Shirt (၅၀၀)U ၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း တင်သွင်းခဲ့တယ်။

မောင်တောကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့သည့် ပို့ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ချင်း(အစို) (၁)တန်လျှင်(၂၀၀)ဒေါ်လာ၊ ဒညင်းသီး(၁)တန်လျှင်(၃၀၀)ဒေါ်လာ၊ ငါးမြစ်ချင်း (၁)တန်လျှင် (၁၂၆၆) ဒေါ်လာ၊ ငါးခေါင်းပွ (၁)တန်လျှင် (၁၃၀၆)ဒေါ်လာ၊ ငါးစုံလေးခြောက်(၁) တန်လျှင် (၆၃၀) ဒေါ်လာ၊ ဆီးယိုထုတ် (၁)တန်လျှင်  (၃၃၀)ဒေါ်လာ၊ ငါးနီတူခြောက် (၁)တန်လျှင် (၃၁၅၀)ဒေါ်လာ၊ ငါးကုန်းညိုခြောက်(၁)တန်လျှင် (၁၈၃၀)ဒေါ်လာ၊ ကွမ်းသီး (၁)တန်လျှင် (၁၀၀၀) ဒေါ်လာ၊ ထွန်းရွှေဝါ လိမ်းဆေး (၁)တန်လျှင်(၅၀၀)ဒေါ်လာ၊ သနပ်ခါးခဲ (၁)တန်လျှင်(၅၀၀) ဒေါ်လာ၊ မုန့်ဖတ်ခြောက် (၁) တန်လျှင် (၁၁၀၀)ဒေါ်လာ၊ ထန်းလျက် (၁)တန်လျှင် (၈၈၀)ဒေါ်လာ၊ အုန်းသီးခြောက်(၁)တန် လျှင် (၃၁၇၀)ဒေါ်လာ၊ နနွင်းတက် (၁) တန်လျှင် (၅၆၂)ဒေါ်လာ၊ Plasitc Pipe (၁) တန်လျှင် (၁၅၀၀)ဒေါ်လာ၊ Aluminium Water Pot (၁)တန်လျှင် (၃၀၇၇)ဒေါ်လာ၊ Men's T-Shirt (၁)U (၂၁၀၀)ကျပ် ဈေးနှုန်းရှိတယ်။  

မောင်တောကုန်သွယ်ရေးစခန်းသို့ ကုန်ပစ္စည်းများဝင်ရောက်သည့် ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် စစ်တွေ-ဘူးသီးတောင်-မောင်တောလမ်းကြောင်းနှင့် စစ်တွေ-အငူမော်-မောင်တော လမ်းကြောင်းတို့ဖြစ်ပြီး ယခုအခါ စစ်တွေ-အငူမော်-မောင်တောလမ်းကြောင်းမှ ကုန်ပစ္စည်းများ အဓိကဝင်ရောက်လျက်ရှိပြီး ကညင်ချောင်း စီးပွားရေးဇုန်မှတစ်ဆင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်သို့ တင်ပို့လျက်ရှိသည်။

စစ်တွေမှမောင်တောသို့ အတက်ကုန်ကားခ တစ်ပိဿာကုန်ကျစရိတ်အနေဖြင့် ကုန်ကျစ် တစ်ပိဿာကျပ်(၇၀)ကျပ်၊ ကုန်ပွတစ်ပိဿာကျပ် (၁၁၀) ကျပ်ဈေးရှိပြီး၊ အဆင်းကုန်ကားခကုန်ကျစ် တစ်ပိဿာကျပ်(၅၀)ကျပ်နှင့် ကုန်ပွတစ်ပိဿာ ကျပ် (၈၀) ကျပ်ဈေးရှိကြောင်း သိရှိရတယ်။

Source: https://commerce.gov.mm

Category: Local News