Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ နိုဝင်ဘာလ(၁)ရက်မှ (၂၁)ရက်ထိကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။ နိုဝင်ဘာလ(၂၁)ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၂.၉၀၃) ဒေါ်လာသန်း၊ သွင်းကုန် (၁.၄၈၃)ဒေါ်လာသန်း၊ စုစုပေါင်း (၄.၃၈၆) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် (၉၇.၄၆၆%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

နိုဝင်ဘာလ (၂၁) ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊  နှမ်းနက်နှင့် ရော်ဘာတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်မှ (၂၁) ရက်နေ့ထိ ကုန်ပစ္စည်းအမယ်လိုက် တင်ပို့/တင်သွင်းမှုအခြေအနေ

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိက ပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅.၉၈)ဒေါ်လာတို့ဖြင့် တန်ချိန် (၇၉၉၂) တန်၊ တန်ဖိုး (၂.၇၆၇) ဒေါ်လာ သန်းနှင့်နှမ်းနက်တင်ပို့မှုအနေဖြင့် စျေးနှုန်းတစ်တန်လျှင် (၁၅၅၀)ဒေါ်လာဖြင့်တန်ချိန်(၅၀)တန်၊ တန်ဖိုး(၀.၀၇၈) ဒေါ်လာသန်း၊ ရော်ဘာစိမ်း တင်ပို့မှုအနေဖြင့် တန်ချိန် (၃၄)တန်၊ တန်ဖိုး (၀.၀၄၆) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe၊ Artificial Grass ၊ ပန်းသီး ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ရင်းနှီးပစ္စည်းတန်ချိန် (၁၈၀.၀၀) တန်၊ တန်ဖိုး (၀.၃၅၆) ဒေါ်လာသန်း ၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၇၅၉) တန်၊ တန်ဖိုး (၀.၇၀၈) ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၃၈၉) တန်၊ တန်ဖိုး (၀.၄၁၈) ဒေါ်လာသန်းတို့ တင်သွင်း နိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့်တင်ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင် ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။ ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News