Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၂၀-၁၁-၂၀၂၃)မှ (၂၁-၁၁-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၄၂၂.၅၀) တန်၊ တန်ဖိုး (၀.၂၃၅) ဒေါ်လာသန်း၊ ဆန်ကွဲ (၄၅၈.၅၀) တန်၊ တန်ဖိုး (၀.၂၀၁)ဒေါ်လာသန်း၊ ပြောင်း (၄၂၅.၀၀)တန်၊ တန်ဖိုး (၀.၁၁၁) ဒေါ်လာသန်း၊ ဖရဲသီး (၃၃.၁၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲတစ်တန် လျှင်(၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ဖရဲသီးတစ်တန်လျှင်(၁၅၀)ဒေါ်လာ၊ ရော်ဘာတစ်တန်လျှင်(၁၃၀၀)ဒေါ်လာရှိ၍သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင် ဆေးဝါးပစ္စည်း (၃၅၇၂၀၀) U၊ တန်ဖိုး (၀.၀၄၀) ဒေါ်လာသန်း၊ စက္ကူလိပ်(၂၆.၀၀) တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၂၁.၀၀) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ ဖော့ (၃.၀၀) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ဂျပ်စက္ကူ (၅.၅၀) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ကုန်စုံ (၃၃.၅၀) တန်၊ (၆၀၀၀) U၊ (၅၀၀) PR၊ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။

သွင်းကုန်ပစ္စည်း ဈေးနှုန်းများအနေဖြင့် နှစ်ဘီးထွန်စက်တစ်စီးလျှင် (၆၀၀) ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ်တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ်တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ချည်ခင်တစ်တန်လျှင် (၆၆၇) ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့သယ်ယူပို့ ဆောင်ခမှာ(၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့်ကုန်စုံ တစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး -လက်ပံလှ- ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်လမ်း ကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအား ဗန်းမော်- မိုးမောက် (ကျောက်စခန်း) - စိန်လုံ -လွယ်ဂျယ်လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအားလွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

ငွေကြေးဈေးကွက်ပြောင်းလဲမှုအခြေအနေ

လွယ်ဂျယ်နယ်စပ်ဒေသ ငွေကြေးဈေးကွက်အနေဖြင့် ၁၉-၁၁-၂၀၂၃ရက်နေ့မှာ (၁)ယွမ် လျှင်(၄၆၅)ကျပ်ဖြစ်ခဲ့ပြီး ၂၁-၁၁-၂၀၂၃ ရက်နေ့မှာတော့(၁)ယွမ်လျှင်(၄၆၅)ကျပ်ဖြစ်၍ မြန်မာ ကျပ်ငွေဈေးတည်ငြိမ်ခဲ့ကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News