Local News

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ၊ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ အမှတ် (၁၀) ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် နိုဝင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ပန်းသီးတစ်လုံးလျှင် (၁၀၀၀) ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ဆားတောင်မြို့နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီးဖီးကြမ်း တစ်ဖီးလျှင် (၁၅၀၀ )ကျပ်မှ (၂၅၀၀) ကျပ်၊ သီးမွှေးငှက်ပျောသီး တစ်ဖီးလျှင် (၂၅၀၀) ကျပ်မှ (၄၀၀၀) ကျပ်ထိ၊ ဖရဲသီး (ကျောက်စိမ်း) တစ်လုံးလျှင် (၃၀၀၀) ကျပ်မှ (၅၅၀၀) ကျပ်ထိ၊ ဂျပန်သခွားသီးတစ်လုံးလျှင် (၅၀၀၀) ကျပ်မှ (၇၀၀၀) ကျပ်ထိ၊  မာလကာသီးတစ်လုံးလျှင် (၃၀၀) ကျပ်မှ (၅၀၀ )ကျပ်ထိ၊ နဂါးမောက်သီး တစ်လုံးလျှင် (၁၀၀၀) ကျပ်မှ (၁၅၀၀) ကျပ်ထိ၊ ထောပတ်သီးတစ်လုံးလျှင် (၈၀၀) ကျပ်မှ (၁၅၀၀) ကျပ်ထိ၊ ထောပတ်သီး (Hass) (1kg) လျှင် (၆၀၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ စပျစ်သီးအစေ့လွတ် တစ်ပိဿာလျှင် (၃၆၀၀၀) ကျပ်၊ တည်သီးတစ်လုံးလျှင် (၇၀၀) ကျပ်မှ (၁၀၀၀ ကျပ်ထိ၊ သစ်ကြားသီးတစ်လုံးလျှင် (၂၀၀) ကျပ်၊ ကျွဲကောသီးတစ်လုံးလျင် (၄၀၀၀) ကျပ်မှ (၅၀၀၀) ကျပ်ထိ အသီးသီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။
Source: https://www.doca.gov.mm

Category: Local News