Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပို့ကုန်တန်ချိန်(၄၂၆၄)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၃.၉၅၇)သန်းနှင့် သွင်းကုန်တန်ချိန် (၃၆၁)၊(၄၅၁၇)M2၊ (၃၁၇၆) BBL တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၆၁၃)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ(၄.၅၇၀) ဒေါ်လာသန်းဖြစ်ပါသည်။ အများဆုံး (၁)တန် ဈေးနှုန်း (၉၅)အမေရိကန်ဒေါ်လာ၊ ငါးဖမ်းပိုက်အသေးစားတန်ချိန်(၁၂)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၇၀၀၀)၊ (၁)တန်ဈေးနှုန်း(၅၈၃၃.၃၃) အမေရိကန်ဒေါ်လာ၊ ကင်းမွန်တန်ချိန်(၃၂၃.၆၄၂)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၇၉၆၁၅၉.၃၂)၊ (၁)တန်စျေးနှုန်း(၂၄၆၀) အမေ ရိကန်ဒေါ်လာ၊ ကဏန်းတန်ချိန်(၃.၄၃၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၃၃၄၂.၇၀)၊ (၁)တန်စျေးနှုန်း(၃၈၉၀)အမေရိကန်ဒေါ်လာ၊ ပလာလန်းငါးတန်ချိန်(၃၀.၆၈၄)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၃၉၈၈၉.၂၀)၊ (၁)တန် စျေးနှုန်း(၁၃၀၀)အမေရိကန်ဒေါ်လာ၊ ငါးမဲလုံးတန်ချိန်(၁၆၈.၁၁၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၀၀၀၅၀.၉၀)၊ (၁)တန်စျေးနှုန်း (၁၁၉၀) အမေရိကန်ဒေါ်လာ၊ ငါးပါကင်တန်ချိန် (၁၈၂.၇၂၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၁၅၁၁၇.၃၈)၊ (၁)တန်စျေးနှုန်း(၆၃၀)အမေရိကန်ဒေါ်လာ၊ ကဗျက်ငါးတန်ချိန်(၉၉.၉၄၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၇၉၃၅.၂၀၀)၊ (၁)တန်စျေးနှုန်း(၁၀၈၀)အမေရိကန်ဒေါ်လာ၊ ငါးရွှေတန်ချိန်(၄.၀၆၈)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၆၉၅.၂၀)၊ (၁)တန်စျေးနှုန်း (၁၄၀၀)အမေရိကန်ဒေါ်လာ၊ ငါးဝိုင်းတန်ချိန် (၃၃.၈၄၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၉၇၇၉.၂၀)၊ (၁)တန်စျေးနှုန်း(၈၈၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာလျှပ်စစ်အကာပစ္စည်းတန်ချိန် (၁၈)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၀၀၀၀.၀၀) ၊ (၁)တန်ဈေးနှုန်း (၅၅၅.၅၅) အမေရိကန်ဒေါ်လာ၊ ကြွေပြားအရေအတွက် (၄၅၁၇)M2၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၁၀၀၀.၀၀)၊ (၁) M2ဈေးနှုန်း (၂.၄၃) အမေရိကန်ဒေါ်လာ၊ ဆေးဝါးတန်ချိန် (၂၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၈၄၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၄၂၀၀) အမေရိကန်ဒေါ်လာ၊ ဆားတန်ချိန် (၁၀၉)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၉၁.၇၄) အမေရိကန်ဒေါ်လာ၊ ဓါတ်ဆီတန်ချိန် (၂၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၈၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၉၀၀) အမေရိကန်ဒေါ်လာ၊ ဒီဇယ်ဆီတန်ချိန် (၄၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၂၅၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၈၁၂.၅) အမေရိကန်ဒေါ်လာ၊ သံမဏိပစ္စည်းများတန်ချိန် (၁၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၄၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၆၄၀) အမေရိကန်ဒေါ်လာ၊ ဓါတုဗေဒပစ္စည်းများတန်ချိန် (၄၅)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၁၀၀၀.၀၀)၊(၁)တန်ဈေးနှုန်း (၂၄၄.၄၄) အမေရိကန်ဒေါ်လာဖြစ်ပြီးငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ(ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ် ရှိကြောင်းသိရှိရပါသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊သွင်းကုန်ဆိုင်ရာနှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကိုသက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။(၂၅-၁၂-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာမြန်မာငွေကျပ် (၁)သိန်းလျှင် (၁၀၂၀.၄၁)ဘတ်၊ (၁)ဘတ်လျှင် မြန်မာငွေ (၉၈) ကျပ်ခန့်(၂၄-၁၂-၂၀၂၃)ရက်နေ့နှိုင်းယှဉ်လျှင်တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၅၀၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၃၅၀၀) ကျပ်ဖြင့်တည်ငြိမ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News