Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁၆-၁၂-၂၀၂၃ မှ ၂၂-၁၂-၂၀၂၃) ရက်နေ့ထိပို့ကုန် တင်ပို့မှုအနေဖြင့် လိမ္မော်သီး (၃၉.၆) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ ကြက်သွန်နီ (၃၀) တန်၊ တန်ဖိုး(၀.၀၂၆)ဒေါ်လာသန်း၊ ထောပတ်သီး(၅၃၈) တန်၊ တန်ဖိုး (၀.၂၉၇)ဒေါ်လာသန်း၊လက်ဖက်ခြောက် (၄၄.၈) တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း၊စက္ကူဖြတ်စ (၁၉၀) တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း၊ MaganeseDioxode (၁၅၀၀) တန်၊ တန်ဖိုး (၀.၁၃၁) ဒေါ်လာသန်းနှင့် ပလတ်စတစ်ဖြတ်စ (၄၀) တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်းအပါအဝင် ပို့ကုန်တန်ဖိုး (၀.၅၄၂) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ ယခင်အပတ်ထက်ပို့ကုန်တန်ဖိုး (၀.၀၄၂) ဒေါ်လာသန်းပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၁၀) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိရာယခုအပတ် (၁၆-၁၂-၂၀၂၃ မှ ၂၂-၁၂-၂၀၂၃) တွင် ဓာတ်ဆီ (၅၉၈၀) BBL ၊ တန်ဖိုး(၀.၆၅၆) ဒေါ်လာသန်း၊ ဒီဇယ် (၉၉၅၆) BBL ၊ တန်ဖိုး(၁.၂၀၅) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၁၁၇) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၀၁၇) ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၀၂) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၆၆၄) ဒေါ်လာသန်း၊ဓာတုဗေဒပစ္စည်းများ (၀.၀၄၉) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၀၉) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၁၈၆) ဒေါ်လာသန်း ၊ တာယာနှင့်ကျွတ်များ (၀.၀၀၃) ဒေါ်လာသန်း၊ ဆပ်ပြာ(၀.၀၁၄) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၃၇) ဒေါ်လာသန်းအပါအဝင် သွင်းကုန် တန်ဖိုး (၃.၁၂၃) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါကသွင်းကုန်တန်ဖိုး (၀.၉၉၂) ဒေါ်လာသန်းပိုမိုခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News