Local News

အောင်လံကုန်စည်ဒိုင်၏သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Last Updated:

အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ) (၄၅)ပိဿာ(၁)အိတ်လျှင် ယခင် အပတ် (၁၃-၁၂-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၀၀၀၀-၃၃၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၁၉-၁၂-၂၀၂၃) ရက်နေ့တွင်လည်း ကျပ်(၃၁၀၀၀၀-၃၄၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀-၃၀၀၀၀) ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းပြာ ယခင်အပတ်တွင် ကျပ်(၂၈၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၃၀၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀၀)စသည်ဖြင့် အသီးသီးဈေး မြင့်ခဲ့ပါသည်။ နှမ်းဖြူမှာ ယခင်အပတ်တွင် ကျပ် (၂၉၀၀၀၀-၃၀၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ် (၂၉၀၀၀၀-၃၀၀၀၀၀)၊ နှမ်းနီ ယခင်အပတ်တွင် ကျပ်(၂၈၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ် (၂၈၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၄၅)ပိဿာဝင်အိတ် များဖြင့် နှမ်းနက်(စမုံ)(၁၃၅၀)အိတ်၊ နှမ်းနီ(၁၁၀)အိတ်၊ နှမ်းဖြူ(၉၀)အိတ်၊ နှမ်းပြာ (၃၆၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

ပဲမျိုးစုံဈေးကွက်အနေဖြင့် မတ်ပဲ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ် ပြီး ယခုအပတ်တွင် ကျပ်(၉၂၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(H-L) ယခင်အပတ်တွင် ကျပ်(၉၂၅၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၂၇၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲတီစိမ်း ယခင်အပတ်တွင် ကျပ်(၆၁၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၁၅၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ဘိုကိတ်ပြာ ယခင်အပတ်တွင် ကျပ်(၆၈၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၅၀၀၀)ဖြစ်၍ ကျပ်(၇၀၀၀) စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပြီး ပဲစင်းငုံ(နီ)မှာ ယခင်အပတ်တွင် ကျပ်(၁၀၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၄၅၀၀-၉၅၀၀၀)ဖြစ်၍ ကျပ်(၅၅၀၀-၅၀၀၀)ဈေးလျောခဲ့ပါသည်။ ကုလားပဲ(မြကြေး) ယခင်အပတ် တွင် ကျပ်(၉၁၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၁၀၀၀)၊ ပဲကြီး ယခင်အပတ်တွင် ကျပ်(၁၂၅၀၀၀-၁၃၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၁၂၅၀၀၀-၁၃၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ  အရောင်းအဝယ်ပမာဏအနေဖြင့်  (၃၀) ပိဿာဝင်အိတ်များဖြင့် မတ်ပဲ(၁၂၀)အိတ်၊ ဘိုကိတ်ပြာ(၁၁၀) အိတ်၊ ကုလားပဲ (H-L)(၁၇၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၈၃၀)အိတ်၊ ပဲကြီး(၂၀၀)အိတ်၊ ပဲတီစိမ်း(၁၈၅၀) အိတ်၊ ပဲစင်းငုံနီ(၂၃၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၈၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၆၁၅၀)ဖြစ်၍ ကျပ်(၃၅၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ် (၅၈၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၇၀၀-၆၈၀၀)ဖြစ်၍ ကျပ်(၉၀၀-၁၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊  မြေပဲတောင့်အစို(၁)တင်းလျှင် ယခင်အပတ်တွင်  ကျပ်(၂၁၀၀၀-၂၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၅၀၀၀-၂၈၀၀၀)ဖြစ်၍ ကျပ်(၄၀၀၀-၅၀၀၀)စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ အရောင်းအဝယ်ပမာဏ အနေဖြင့် (၃၀)ပိဿာဝင် အိတ်များဖြင့် မြေပဲလုံးဆံဖြူ(၈၀၀)အိတ်၊ မြေပဲလုံးဆံနီ(၃၅၀)အိတ်၊ မြေပဲတောင့် အစိုတင်း(၄၅၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ အပတ်စဉ်ပုံမှန်ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဝါသီးနှံမှာ ယခင်အပတ်တွင် ကျပ်(၃၁၀၀-၃၂၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၃၁၀၀-၃၂၅၀)ဖြစ်၍ ကျပ်(၅၀)ဈေးမြင့်ခဲ့ပြီး ဝါပိဿာချိန်(၂၈၀၀၀)ပိဿာ အရောင်း အဝယ်ရှိခဲ့ပါ ကြောင်းနှင့် ယခုရာသီအချိန်အခါမှာ ဝါသီးနှံများလှိုင်လှိုင်ထွက်ရှိသည့်အချိန်အခါဖြစ်ပြီး အမြင့်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News