Local News

ပေါက်ခေါင်းမြို့နယ်တွင် ကြံများစတင်ထွက်ပေါ်၍ တောင်သူများတွက်ခြေကိုက်

Last Updated:

ပဲခူးတိုင်ဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အနေဖြင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ကြံစိုက်ဧကမှာ (၂၀၀၀၀)ဧကကျော်ရှိပြီး ယခုအချိန်တွင် ကြံများထွက်ပေါ်လာပြီဖြစ်၍ သကြားစက်များသို့တင်ပို့ရောင်းချကြောင်းသိရပါသည်။ ယခုနှစ်တွင် ကြံအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၃၇)တန်ခန့်ထွက်ရှိပြီး ယခင်နှစ်တွင်လည်း တစ်ဧကလျှင် (၃၇)တန်ခန့်ထွက်ရှိ၍ အထွက်နှုန်းတူသော်လည်း ဈေးနှုန်းကွားခြားကြောင်း တွေ့ရပါသည်။ ပေါက်ခေါင်းမြို့ရှိ ကျေးရွာများမှထွက်ရှိသော ကြံများကို အင်ငါးခွသကြားနှင့် နဝဒေးသကြားစက်သို့ တင်ပို့ရောင်းချကြပါသည်။ ကြံဈေးနှုန်းအနေဖြင့် တစ်တန်လျှင် (၁၂၅၀၀၀)ကျပ်ဈေးဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်နှစ်တွင် ကြံတစ်တန်လျှင် (၇၅၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုနှစ်တွင် ကြံဈေးနှုန်းများမြင့်တက်လာသည်ကိုတွေ့ရပါသည်။ ထိုကြောင့် ကြံစိုက်သူတောင်သူများအနေဖြင့် ကြံအထွက်နှုန်းလည်းကောင်းပြီး ဈေးကောင်းလည်းရရှိ၍ အကျိုးအမြတ်များရရှိကာ တွက်ချေကိုက်သောနှစ်ဖြစ်ကြောင်းသိရပါသည်။

Source: https://www.doca.gov.mm

Category: Local News