International News

ကမ္ဘောဒီးယား၏ ရော်ဘာတင်ပို့မှု ပမာဏတိုးတက်သော်လည်း တန်ဖိုးအရ ကျဆင်းခဲ့

Last Updated:

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလထိ ၁၁ လတာကာလအတွင်း ရော်ဘာအခြောက် တန်ချိန် ၃၃၄၁၇၆ တန် တင်ပို့ခဲ့ပြီး ယမန်နှစ်အလားတူ တင်ပို့မှု ၃၂၂၅၈၆ တန်အပေါ် ၃.၆% တိုးတက်ခဲ့ကြောင်း၊ အဆိုပါကာလအတွင်း ရော်ဘာတင်ပို့မှုမှရငွေမှာ အမေရိကန်ဒေါ်လာ ၄၄၅.၄ သန်းရှိပြီး ယခင်နှစ်ကာလတူ၌ ဒေါ်လာ ၄၆၅.၈ သန်းရရှိခဲ့သည့် အတွက် တန်ဖိုးအားဖြင့် ၄.၄% ကျဆင်းခဲ့ကြောင်း  ကမ္ဘောဒီးယား ရော်ဘာလုပ်ငန်းညွှန်ကြားမှု ဦးစီးဌာနက ၁၅-၁၂-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြပါသည်။

၂၀၂၃ ခုနှစ် ပထမ ၁၁ လအတွင်း ရော်ဘာအခြောက် ပျမ်းမျှဈေးနှုန်းမှာ ၁ တန်လျှင် ၁၃၃၃ ဒေါ်လာရရှိခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၁၁၁ ဒေါ်လာခန့်လျော့နည်းခဲ့ကြောင်း ရော်ဘာလုပ်ငန်းညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Mr. Him Oun က အစီရင်ခံစာတွင် ဖော်ပြပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၌ လက်ရှိကာလတွင် စုစုပေါင်းရော်ဘာစိုက်ပျိုးမှုဧရိယာ ၄၀၇၁၇၂ ဟက်တာ ခန့်ရှိသည့်အနက် ၃၂၀၁၈၄ ဟက်တာခန့် (ရာခိုင်နှုန်းအားဖြင့် ၇၈.၆%) မှ အစေးခြစ်ထုတ်လုပ်ကြောင်း၊ ရော်ဘာထုတ်ကုန်ပစ္စည်းများကို မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူနှင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့လျက်ရှိကြောင်း သိရပါသည်။

Source: Khmer Times, 17 Dec 2023(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News