Local News

မိုးညိုမြို့နယ်၊ ပဒေသာကျွန်းကျေးရွာ၌ CP ပြောင်း(ခေါ်)အစေ့ထုတ်ပြောင်းများစိုက်ပျိုးလျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကျွန်းညိုအုပ်စုရှိ ပဒေသာကျွန်း၊ ကြံခင်းစု၊ ဘိုးဘိုးကုန်း၊ ကျွန်းညို၊ ကန်သာယာ စသည့်ကျေးရွာများသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပါသည်။ ပဒေသာကျွန်းကျေးရွာ၌ ပြောင်း၊ ငရုတ်၊ ခရမ်းချဉ်သီးနှင့် အခြားစားပင်သီးပင်များကို ရာသီအလိုက်စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်တွင် ပဲငပိနှင့် CP ပြောင်းကို အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

ပဒေသာကျွန်းကျေးရွာ၌  CPပြောင်း(ခေါ်) အစေ့ထုတ်ပြောင်း စိုက်တောင်သူဦးရေ(၅၀)ဦးခန့် ရှိပြီး စိုက်ဧကမှာ(၄၀၀) ဧကကျော်ရှိကြောင်း၊ မိမိအနေဖြင့် (၅) ဧကစိုက်ပျိုးထားကြောင်း၊ CPပြောင်း မျိုးများဖြစ်သည့်(၆၁၂)၊ (၈၀၈)၊ (၁၃၅)၊ (၇၂၂)မျိုးများအနက်မှ (၈၀၈) မျိုးကိုစိုက်ပျိုးပါကြောင်း၊ ပြောင်းမျိုးကို ရွာရှိသီးနှံပွဲစားများထံမှဝယ်ယူရပြီး (၈၀၈)၊ (၁၃၅)၊ (၇၂၂)မျိုးများမှာ(၁)တစ်ထုပ်လျှင် ကျပ်(၈၅၀၀၀)နှင့် ပြောင်း(၆၁၂)မျိုးမှာ ကျပ်(၁၀၅၀၀၀)ရှိကြောင်း၊ (၁)ဧကစိုက်ပျိုးရာတွင် မျိုး(၂) ထုပ်ကုန်ကျကြောင်း၊ သီတင်းကျွတ်နှင့် တန်ဆောင်းမုန်းလများတွင် စတင်စိုက်ပျိုးပါကြောင်း၊ စတင်စိုက်ပျိုးချိန်မှ ခူးစွတ်ချိန်အထိ မြေအောက်ရေဖြင့်ရေတင်၍ တစ်လတစ်ကြိမ်ရေသွင်းရကြောင်း၊ စိုက်ပျိုးပြီး(၄)လအကြာတွင် စတင်ခူးစွတ်ရပါကြောင်း၊ ယခင်နှစ်ကကုန်ကျစရိတ်မှာ (၁)ဧကလျှင် ကျပ်(၆၀၀၀၀၀)နီးပါး ကုန်ကျကြောင်း၊ ယခုနှစ်တွင် ထွန်ယက်ခ၊ လုပ်အားခ၊ စက်မောင်းခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ (၁)ဧကလျှင် ကျပ်(၈၀၀၀၀၀)ဝန်း ကျင်ကုန်ကျပါကြောင်း၊ အထွက်နှုန်းအနေဖြင့် ရာသီဥတုကောင်းမွန်ပါက ပြောင်းစိုက်(၁)ဧကလျှင် တင်း (၁၀၀)ထွက်ရှိပြီး မိုးမကြိုက်သောသီးနှံဖြစ်၍ ရုတ်တရတ်ရာသီဥတုဖောက်ပြန်ပြီး မိုးရွာသွန်းမှုများလျှင် ပြောင်းအထွက်နှုန်းမှာ လျော့နည်းသွားတက်ကြောင်း၊ ယခင်နှစ်က (၁)ဧကအထွက်နှုန်းမှာ တင်း(၁၀၀)ခန့်ထွက်ရှိကြောင်း၊ ထွက်ရှိသောပြောင်းများကို ရွာရှိပြောင်းဖူးချွေလှေ့စက်ဖြင့် (၁)တင်း လျှင် ကျပ်(၃၀၀)ဖြင့်ပေး၍ အစေ့ထုတ်ရကြောင်း၊ ထွက်ရှိသောပြောင်းစေ့များကို ရွာရှိသီးနှံပွဲစား များထံသို့ ရောင်းချကြောင်း၊ ယခုနှစ်တွင်လည်း ယခင်နှစ်ကအတိုင်းထွက်ရှိမည်ဟု မျှော်လင့်ပါ ကြောင်း၊ ယခင်နှစ်ကပြောင်း(၁)တင်းလျှင် ကျပ်(၂၂၀၀၀)ဈေးရရှိခဲ့သော်လည်း ယခုနှစ်တွင်ပြောင်း စိုက်ပျိုး ရသည့်ကုန်ကျစရိတ်မှာ ယခင်နှစ်ကထက်များသောကြောင့် ပြောင်း(၁)တင်းလျှင် အနိမ့်ဆုံး ဈေးနှုန်းအနေဖြင့် ကျပ်(၂၅၀၀၀)ရမည်ဆိုပါက ပြောင်းစိုက်တောင်သူများအတွက် အဆင်ပြေနိုင် မည်ဖြစ်ကြောင်း ပဒေသာကျွန်းကျေးရွာနေ အစေ့ထုတ်ပြောင်းစိုက်တောင်သူ ဒေါ်ရင်ကြည်ထံမှ သိရှိရပါသည်။ 

Source: https://www.doca.gov.mm

Category: Local News