Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၀ ) ရက်နေ့မှ ( ၂၄ ) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၄၂၆၅) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၃၈၈) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ (၀.၄၆၅၃)သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလ ( ၂၀ ) ရက်နေ့မှ ( ၂၄ ) ရက်နေ့အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၁၄၃.၀၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၇၂၄)သန်း၊ ဂျင်းခရု (အရှင်) (၁၄.၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၁၆)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၄.၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၆၃)သန်း၊ ဂဏန်း(အသေ)(၁၀.၉)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၃၁)သန်း၊ ရေခူဆားနယ်  (၅.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၀၆)သန်း၊ ရေချိုပုစွန်(၀.၅၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၄၉) သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၆၆)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၃၉)သန်း၊ ပုစွန်ငါးပိ  (၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈၇)သန်း၊ ငှက်ပျောသီး (၄၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၉)သန်း၊ ငရုတ်သီးစိမ်း (၁၃၃.၉၆၆)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၆၈)သန်း၊ ကြက်သွန်နီ (၄၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၀၉)သန်း၊ ဆီအုန်းကြိတ်ဖတ် (၁၀၀.၀၂)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉၁)သန်း၊ ဓနိဖက် (၆)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၈)သန်း၊ တံမြက်စည်း (၁၆၈၀၀)U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၅)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများ မှာ သစ်သီး (၆၂.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၇၂)သန်း၊ ပုစွန်သားပေါက် (၁.၉)သန်း U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၁၄)သန်း၊ ပုစွန်အစာ (၁၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၃)သန်း၊ ငါးသေတ္တာဘူးခွံ (၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၃၃)သန်း၊ ကြွေပြား (၁၆၀၀)M2 ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၉)သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ - ငါးမျိုးစုံ (၁၂၀၅.၁၇) ဒေါ်လာနှုန်း၊ (၁၄၃.၀၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၇၂၄) သန်း၊ ဂျင်းခရု (အရှင်) (၁၅၂၁.၁၃) ဒေါ်လာနှုန်း၊ (၁၄.၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၁၆) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၇၉၀.၇)ဒေါ်လာနှုန်း၊ (၄.၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၆၃) သန်း၊ ဂဏန်း(အသေ) (၁၂၀၁.၈၃) ဒေါ်လာနှုန်း၊ (၁၀.၉)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၃၁) သန်း၊ ရေခူဆားနယ်(၁၉၂၇.၂၇) ဒေါ်လာနှုန်း၊ (၅.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၀၆) သန်း၊ ရေချိုပုစွန် (၈၉၀၉.၀၉) ဒေါ်လာနှုန်း၊ (၀.၅၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၄၉) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၁၀၆၀.၆၁) ဒေါ်လာနှုန်း၊ (၀.၆၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၉) သန်း၊ ပုစွန်ငါးပိ (၁၇၄၀) ဒေါ်လာနှုန်း၊ (၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈၇)သန်း၊ ငှက်ပျောသီး (၃၀၈.၈၉) ဒေါ်လာနှုန်း၊ (၄၅) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၁၃၉)သန်း၊ ငရုတ်သီးစိမ်း(၇၉၇.၂၃)ဒေါ်လာနှုန်း၊ (၁၃၃.၉၆၆) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၁၀၆၈)သန်း၊ ကြက်သွန်နီ (၆၈၆.၆၇) ဒေါ်လာနှုန်း၊ (၄၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၀၉)သန်း၊ ဆီအုန်းကြိတ်ဖတ် (၉၀.၉၈) ဒေါ်လာနှုန်း၊ (၁၀၀.၀၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉၁)သန်း၊ ဓနိဖက် (၁၃၃.၈၃) ဒေါ်လာနှုန်း၊ (၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၈)သန်း၊ တံမြက်စည်း (၁)ချောင်းလျှင် (၀.၂၀၈) ဒေါ်လာနှုန်း၊ (၁၆၈၀၀) U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၅)သန်း ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏(၁)တန် ဈေးနှုန်းမှာ- သစ်သီး (၂၇၅.၂)ဒေါ်လာနှုန်း၊ (၆၂.၅)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၁၇၂)သန်း၊ ပုစွန်သားပေါက် အကောင်ရေ (၁)သန်းလျှင် (၆၀၀၀) ဒေါ်လာနှုန်း၊ (၁.၉)သန်း U၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၁၄)သန်း၊ ပုစွန်အစာ (၃၀၀) ဒေါ်လာနှုန်း၊ (၁၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၃)သန်း၊ ငါးသေတ္တာဘူးခွံ (၆၆၀) ဒေါ်လာနှုန်း၊ (၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၃၃)သန်း၊ ကြွေပြား (၁)M2 လျှင် (၂.၄၄) ဒေါ်လာနှုန်း၊ (၁၆၀၀) M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၉)သန်း ဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၄-၁၂-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာ ငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၂၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၈.၀၄) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News