Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့မှ ဒီဇင်ဘာလ(၂၄) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှု ငါးမှုန့်တစ်တန်လျှင် (၈၉၆) ဒေါ်လာနှုန်းဖြင့် (၃၃၀) တန်၊ တန်ဖိုး (၀.၂၉၆) ဒေါ်လာသန်းနှင့် ငါးကြိတ်သား တစ်တန်လျှင် (၁၈၁၄) ဒေါ်လာနှုန်းဖြင့် ( ၉ ) တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်းတို့အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ငါးမှုန့် (၀.၂၉၆) ဒေါ်လာသန်းမှာ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်လည်းကောင်း ငါးကြိတ်သား (၀.၀၁၆) ဒေါ်လာသန်းမှာ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့လည်းကောင်း စုစုပေါင်းပို့ကုန်တန်ဖိုး (၀.၃၁၂) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်း အထိကုန် (၁)တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်း အနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့မှ ဒီဇင်ဘာလ (၂၄) ရက်နေ့ အတွင်းဒီဇယ်ဆီတစ်တန်လျှင် (၈၆၀) ဒေါ်လာနှုန်းဖြင့်(၁၉၅၀) တန် ၊ တန်ဖိုး (၁.၆၇၇) ဒေါ်လာသန်း၊ တင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၈၅၀) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၂၈၆၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၇) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News