International News

အင်ဒိုနီးရှားတွင် အလင်းညစ်ညမ်းမှုကြောင့် နက္ခတ္တဗေဒပညာရှင်များ သိပ္ပံနည်းကျ သုတေသနပြုရန် ပိုမိုခက်ခဲလာ

Last Updated:

          အင်ဒိုနီးရှားတွင်စကြဝဠာကို​လေ့လာရန် Lembang ၌ Bosscha Observatory နက္ခတ်တာရာကြည့်အ​ဆောက်အအုံကို ၁၉၂၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီးကတည်းက   ကမ္ဘာတစ်ဝှမ်းမှ    နက္ခတ္တဗေဒပညာရှင်များကို ဆွဲ​ဆောင်နိုင်ခဲ့သည်။ တစ်ချိန်က အေးချမ်းသော Lembang သည် စည်ကားလာနေသော အပန်းဖြေစခန်းအဖြစ်သို့ ပြောင်းလဲလာ​ကာ ပတ်ဝန်းကျင်ရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ပန်းခြံများမှ ထွန်းသော မီးရောင်များ​ကြောင့်နက္ခတ်ကြည့်ရာတွင် ယခင်လို ပြတ်သားကြည်လင်စွာ ​တွေ့ရမှုအားနည်းလာသည်။

      "စိုက်ခင်းများနှင့် လယ်မြေများ သိမ်းပြီး Lembang ကိုစ​ဆောက်ခဲ့စဥ်ကလူဦးရေကျဲပါးတယ်။ ဒါပေမယ့် အခုကျ​တော့ခရီးသွား​တွေနဲ့ စည်ကားလာနေတယ်။ ရလာဒ်ကတော့အလင်း​တွေတအားများ​နေတာ​ပေါ့” ဟု Bosscha Observatory ဒါရိုက်တာ Premana Premadi က CNA သို့ပြောကြားခဲ့သည်။ အလင်းညစ်ညမ်းမှုသည် နက္ခတ္တဗေဒပညာရှင်များ သိပ္ပံနည်းကျ သုတေသနပြုရန် ပိုမိုခက်ခဲစေသည်ဟု Mdm Premadi က ပြောကြားခဲ့သည်။

       ညဘက် ကောင်းကင်ယံကို စောင့်ကြည့်လေ့လာရာတွင် ကောင်းကင် ကြည်လင်နေချိန် ည ၁၁ နာရီကျော်မှ စတင်နိုင်ပြီး ထိုအချိန်၌ပင် သိပ္ပံပညာရှင်များသည် မိုးကုတ်စက်ဝိုင်း​ပေါ် ၃၀ ဒီဂရီအထက်တွင် ကြယ်များကို ကြည့်ရှုနိုင်သည်။ တယ်လီစကုပ်များအောက်ဘက်သို့ ဦးတည်နေပါကအနီးနားရှိ အပန်းဖြေ စခန်းများမှ ထွက်ပေါ်​နေသောအလင်းရောင်များကြောင့် နက္ခတ်ကြယ်တာရာများကြည်လင်စွာမမြင်ရ​တော့​​ပေ။

Source: CNA

Popular News Journal

Category: International News