International News

တရုတ်နိုင်ငံ ချင်းသောင်မြို့တွင် Bozhong 19-6 သဘာဝဓာတ်ငွေ့လုပ်ကွက် ဗဟို ပလပ်ဖောင်း တည်ဆောက်မှု ပြီးစီး

Last Updated:

          တရုတ်နိုင်ငံ ပေါ်ဟိုင်ပင်လယ် အရှေ့ဘက် ကမ်းရိုးတန်းရှိ ကြီးမားသော Bozhong 19-6 ဓာတ်ငွေ့လုပ်ကွက် ဗဟိုပလပ်ဖောင်းကို တရုတ်နိုင်ငံ ချင်းသောင်မြို့တွင် တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်သည်။ ပေါ်ဟိုင်ပင်လယ် အလယ်ပိုင်းတွင် ၂၀၁၉ ခုနှစ်က ပထမဆုံး တွေ့ရှိခဲ့သော Bozhong 19-6သည် လေဆီ(condensate oil) ကုဗမီတာ သန်း ၂၀၀ ကျော်နှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၂၀၀ ဘီလီယံ ကျော် ရှိကြောင်း တွေ့ရှိခဲ့သည်။

          အဆိုပါ ဓာတ်ငွေ့လုပ်ကွက် လည်ပတ်နိုင်ပါက ပေကျင်း-ထျန်းကျင်း-ဟဲပေ ဒေသနှင့် ပေါ်ဟိုင်ပင်လယ် တစ်ဝိုက်ဒေသများအတွက် တည်ငြိမ်ပြီး ယုံကြည်စိတ်ချရသော သန့်စင်စွမ်းအင်နှင့် ဓါတုပစ္စည်းများ ပံ့ပိုးပေးနိုင်မည် ဖြစ်ရာ တရုတ်နိုင်ငံ၏၂၀၃၀ ခုနှစ် မတိုင်မီ ကာဗွန် ထုတ်လုပ်မှု လျှော့ချခြင်း အမြင့်ဆုံး ဖြစ်နိုင်ရေး နှင့် ၂၀၆၀ ခုနှစ် မတိုင်မီ ကာဗွန်ကင်းစင်ရေး ရည်မှန်းချက်များကို ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း သိရသည်။ 

Source: https://xinhuamyanmar.com

Category: International News