Local News

မြန်မာချင်း ဒါကာတွင် ဈေးခုန်တက်

Last Updated:

          ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြည်တွင်းထွက် ချင်းနှင့် ကြက်သွန်နီတို့သည် ပြည်တွင်းဝယ်လိုအား၏ အများစုကို ဖြည့်ဆည်းပေးသော်လည်း ပြည်ပမှ  တင်သွင်းမှုအပေါ်  မှီခိုနေရဆဲ    ဖြစ်ပြီး စားသုံးသူများ ဒုက္ခရောက်‌ေစသည့် ဈေးနှုန်းမတည်ငြိမ်မှုကို ဖြစ်ပေါ်‌ေနစေသည်။ လက်ရှိတွင် မြန်မာနိုင်ငံမှ တင်သွင်းသည့် ဂျင်းသည် လက်လီဈေးကွက်တွင် တစ်ကီလိုလျှင် ၃၅၀ တာကာဖြင့် ရောင်းချနေသည်ဟု ဒါကာမြို့ရှိ လက်လီရောင်းချသူများနှင့် လက်လီရောင်းချသူများက ပြောသည်။

      ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံမှ ထွက်ရှိသော ဂျင်းများသည် ပုံပန်းသဏ္ဍာန် နီဆင်ဆင်တူသောကြောင့် ၎င်းတို့၏ ဈေးနှုန်းမှာ ကွာခြားမှု မရှိပါ။ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးကော်ပိုရေးရှင်း Trading Corporation of Bangladesh TCB ၏ စျေးကွက် လေ့လာဆန်းစစ်ချက်အရ ဂျင်းစျေးနှုန်းသည် ပြီးခဲ့သည့် တစ်လအတွင်း ၈၀% နီးပါး မြင့်တက်လာခဲ့သည်။ပြည်ပမှ တင်သွင်းသည့် မရှိမဖြစ် လိုအပ်သော ကုန်ပစ္စည်းများ၏ ဈေးနှုန်းများသည် ဒေါ်လာလဲလှယ်နှုန်းကြောင့် ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု ကုန်သည်များက ပြောသည်။

           ဈေးကွက်ထဲသို့ ဂျင်းပေးသွင်းသည့် အခြေအနေ မကြာသေးမီက ပိုမိုဆိုးရွားလာရခြင်းမှာ ဘင်္ဂလားဒေ့ရှ် ကုန်သည်များသည် ၎င်းတို့၏ အဓိက ရင်းမြစ်တစ်ခုဖြစ်သော တရုတ်နိုင်ငံမှ ဂျင်းကို  တင်သွင်းခြင်း မပြုသည်မှာ တစ်လကျော်ရှိနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။ တရုတ်နိုင်ငံသည် ပြည်တွင်း ဂျင်းလိုအပ်ချက်အတွက် ပြည်ပမှ တင်သွင်းနေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းသည့် ဂျင်းဈေးနှုန်းသည် လက်လီအဆင့်တွင် တစ်ကီလိုလျှင် တာကာ ၃၇၀ အထိ ရှိသည်ဟု ကုန်သည်များက ပြောသည်။ မြန်မာနိုင်ငံမှ ဂျင်းတင်သွင်းခြင်းသည် စျေးသက်သာပြီး ခရီးနီးသဖြင့် အချိန်ကုန်သက်သာသည်။ ထို့ကြောင့် မြန်မာဂျင်းကို အဓိကအားထားပြီး တင်သွင်းကြသည်။

          ဒါကာမြို့ရှိ  Shyambazar မှ သွင်းကုန်လုပ်ငန်းရှင်  Haji Md Majed က  "တရုတ်ဂျင်း တစ်ကီလို တာကာ ၃၇၀ က ဈေးမြင့်နေတယ်။ ရောင်းဖို့ ခက်တယ်။ ဒီတော့  ဂျင်းကို မြန်မာနိုင်ငံမှ တင်သွင်း ကြတယ်။ ဒါပေမဲ့ ဒေါ်လာ အကျပ်အတည်းကြောင့် လိုသလောက် တင်သွင်းလို့ မရဘူး။ဒါ့အပြင် အိန္ဒိယနဲ့ ဗီယက်နမ်ကလည်း ဂျင်းနည်းနည်းပါးပါး တင်သွင်းကြပါတယ်" ဟု ပြောသည်။ Shyambazar တွင် လက်ကားအဆင့် လက်ရှိ ဂျင်းတစ်ကီလိုလျှင် တာကာ ၂၂၀-၂၄၀ ဖြင့် ရောင်းချနေကြောင်း တင်သွင်းသူများက ပြောသည်။

          စစ်တကောင်းမှ  Khatunganj လက်ကားဈေးရှိ CRG Trading ပိုင်ရှင် Chandan Kumar Poddar က အများအားဖြင့် ပြည်တွင်းနှင့် တရုတ်ဂျင်းတို့သည် တစ်နှစ်တာလုံးနီးပါး ပြည်တွင်းဈေးကွက်ကို လွှမ်းမိုးထားကြောင်း၊ သို့သော် လက်ရှိတွင် နှစ်မျိုးစလုံး ပြတ်လပ်နေကြောင်း ပြောကြားသည်။ မြန်မာဂျင်းနှင့်ဗီယက်နမ်ဂျင်း အနည်းငယ်သာရှိသဖြင့် ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းရန်  မလုံလောက်ချေ။ “အဓိကကတော့ ဂျင်းအဝင် ပြတ်လပ်မှုကြောင့် ဂျင်းဈေးက မငြိမ်မသက်ဖြစ်နေပါတယ်။ လက်ရှိတွင် မြန်မာဂျင်းကို တာကာ ၂၄၀-၂၄၅ ဖြင့် ရောင်းချနေကြပါတယ်။ ဗီယက်နမ်ဂျင်း တစ်ကီလိုလျှင် ၂၅၀-၂၆၀ တာကာ ဈေးရှိပါတယ်" ဟု ၎င်းက ပြောကြားသည်။

          စစ်တကောင်းမှ တင်သွင်းသူ Junayedul Haque က  ဂျင်းတင်သွင်းမှု ကုန်ကျစရိတ်မှာ အလွန်မြင့်မားကြောင်း ပြောကြားခဲ့သည်။  ထို့ကြောင့် ကုန်သည်အများအပြားသည် ပြည်တွင်းဈေးကွက်တွင် ရောင်းချခြင်းဖြင့် အမြတ်အစွန်းမရနိုင်ဟု ထင်မြင်ကာ ဂျင်းတင်သွင်းခြင်းမှ ရှောင်ကြဉ်ကြသည်။ သို့ဖြစ်ရာ ဂျင်းအဝင်နည်းပြီး ဈေးတက်ကုန်သည်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် အစီရင်ခံစာအရ  နှစ်စဉ် ဂျင်းတန်ချိန် ၃.၅-၄ သိန်း လိုအပ်သည်ဟု ဆိုသည်။ စိုက်ပျိုးရေး ဦးစီးဌာန၏ ထုတ်ပြန်သည့် အချက်အလက်များအရ ဂျင်းတန်ချိန် ၂ ဒသမ ၅ သိန်း ထုတ်လုပ်ခဲ့သည်။ သို့ဖြစ်ရာ လိုအပ်ချက်ကို ပြည်ပမှတင်သွင်းပြီး ဖြည့်တင်းသည်။ 

Source: https://www.foodindustrydirectory.com.mm

 

Category: Local News