International News

ဗီယက်နမ်နိုင်ငံ မူဝါဒအသစ်အရ နှစ်စဉ် ဆန်တင်ပို့မှု ၄၄ ရာခိုင်နှုန်း လျှော့ချသွားမည်

Last Updated:

          ဗီယက်နမ်နိုင်ငံသည် ဆန်တင်ပို့မှုအား ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၇.၁ သန်း ရှိခဲ့ရာမှ ၂၀၃၀ ခုနှစ်တွင် တစ်နှစ်လျှင် တန်ချိန် ၄ သန်းသာ တင်ပို့တော့သည်အထိ ဖြစ်အောင် လျှောချ ဖြတ်တောက်ရန် ရည်မှန်းထားကြောင်း အစိုးရ၏ မူဝါဒအသစ်မှ  ဆန်တင်ပို့မှု မဟာဗျူဟာ အသေးစိတ် တင်ပြထားသည့် စာတမ်းတွင် ဖော်ပြထားသည်။ ဗီယက်နမ်နိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံပြီးလျှင် ကမ္ဘာ့တတိယအများဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်သည်။

          ဆန်တင်ပို့မှု လျှော့ချခြင်းသည်

• အရည်အသွေးမြင့်သည့် ဆန်များ တင်ပို့မှု မြှင့်တင်ရေး၊

• ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေးကို အာမခံချက် ရရှိစေရေး

• သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး

• ရာသီဥတု ပြောင်းလဲခြင်းနှင့်အညီ လိုက်လျောညီထွေ ဖြစ်စေရေးတို့ကို ရည်ရွယ်သည်။

          ထိုသို့ ဆန်တင်ပို့မှု လျှော့ချသဖြင့် ဆန်ပို့ကုန် ဝင်ငွေလည်း လျော့ကျမည်။ ၂၀၂၂ တွင် ကန်ဒေါ်လာ ၃.၄၅ ဘီလီယံ ရရှိခဲ့ရာမှ ၂၀၃၀ တွင် ကန်ဒေါ်လာ ၂.၆၂ ဘီလီယံသာ ရရှိမည် ဖြစ်သည်။ ဆန်တင်ပို့မှုကို နိုင်ငံတစ်ခုတည်းအပေါ် အားကိုးအားထား ပြုခြင်းအစား ဈေးကွက်အချိူ့ကို အဓိကအားဖြင့် တင်ပို့မည်။ လက်ရှိတွင် ဗီယက်နမ်ဆန် အများစုကို ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့နေသည်။ ဖိလစ်ပိုင်နိင်ငံသည် ဗီယက်နမ်ဆန်ကို အများဆုံးဝယ်ယူခဲ့သည်မှာ နှစ်အတော်ကြာပြီ ဖြစ်သည်။ ယမန်နှစ်က ‌ဗီယက်နမ် ပို့ကုန်ဆန် ၄၅% ကို ဖိလစ်ပိုင်သို့ တင်ပို့ခဲ့သည်။

          ၂၀၂၅ တွင် ဗီယက်နမ် ပို့ကုန်ဆန် ၆၀% ကို အာရှဈေးကွက်များထံ တင်ပို့မည်။  ၂၂% ကို အာဖရိက၊  ၇% ကို အမေရိက၊  ၄% ကို အရွေအလယ်ပိုင်းဒေသ၊  ၃% ကို ဥရောပ သို့ တင်ပို့မည်။ ဗီယက်နမ်နိုင်ငံ အစိုးရက အရည်အသွေးမြင့် ဆန်မွှေးနှင့် ကောက်ညှင်းဆန် ထုတ်လုပ်မှုကို အဓိကထား လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အရည်အသွေးနိမ့် ဆန် ထုတ်လုပ်မှုကို စုစုပေါင်းဆန်ထုတ်လုပ်မှု၏ ၁၅% သို့ ၂၀၂၅ တွင် လျှော့ချမည် ဖြစ်ပြီး ၁၀% သို့ ၂၀၃၀ တွင် လျှော့ချမည် ဖြစ်သည်။

Source Reuters 

https://www.foodindustrydirectory.com.mm

Category: International News