Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ 

၂၀၂၃ ခုနှစ်၊ ဩဂုတ်၂၁ ရက်နေ့မှ၂၂ ရက်နေ့အထိ ပို့ကုန်တန်ချိန် တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၄၈၀)သန်း၊ သွင်းကုန်တန်ချိန်BBL၊ (၅၇၅၀) U၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၅၂၃) သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၀၃ သန်းဖြစ်သည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ဆီအုန်းတန်ချိန် (၅၀.၀၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၀၀၀)၊ (၁) တန်ဈေးနှုန်း (၁၀၀) အမေရိကန်ဒေါ်လာ၊ ရေကြည်ငါး (၃.၇၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၉၇၈.၄၀)၊ (၁)တန်စျေးနှုန်း (၁၅၉၀)အမေရိကန်ဒေါ်လာ၊ ငါးစက္ကူ တန်ချိန်(၄.၀၈)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၈၄၈၆.၄၀)၊ (၁) တန်စျေးနှုန်း (၂၀၈၀) အမေရိကန် ဒေါ်လာ၊ ငါးပုလွေတန်ချိန် (၅၅.၈၁)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၈၀၉၂၄.၅၀)၊ (၁)တန် စျေးနှုန်း (၁၄၅၀)အမေရိကန်ဒေါ်လာ၊ ငါးနီငယစ်တန်ချိန်(၁၃၂.၆၃)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၃၉၂၆၁. ၅၀)၊ (၁)တန်စျေးနှုန်း (၁၀၅၀)အမေရိကန်ဒေါ်လာ၊ လူးစီတန်ချိန် (၆.၃၂)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၅၀၂.၄၀)၊ (၁) တန်စျေးနှုန်း (၁၈၂၀) အမေရိကန်ဒေါ်လာ၊ ဘေးဝါတန်ချိန် (၃၁.၃၈)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၂၄၇၉၀.၂၀)၊ (၁)တန်စျေးနှုန်း (၇၉၀) အမေရိကန်ဒေါ်လာ၊ ပလာတူး တန်ချိန် (၄၅.၃၁)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၄၄၀၃.၈၀)၊ (၁)တန်စျေးနှုန်း (၉၈၀) အမေရိကန်ဒေါ်လာ၊ ကြိမ်မွေ့တောင်းတန်ချိန် (၄.၇၂)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၃၆၃.၂၀)၊ (၁)တန်စျေးနှုန်း (၁၅၆၀) အမေရိကန် ဒေါ်လာ၊ ပုစွန် တန်ချိန် (၁.၆၂) ၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၈၄၂၄.၀၀)၊ (၁) တန် ဈေးနှုန်း (၅၂၀၀) အမေရိကန်ဒေါ်လာတို့ဖြစ်သည်။           

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ ဒီဇယ် တန်ချိန်(၂၅၀)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၂၄၃၀၀၀)၊ (၁) တန်ဈေးနှုန်း (၉၇၂) အမေရိကန်ဒေါ်လာ၊ ဓါတ်ဆီ တန်ချိန် (၁၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၃၀၀၀)၊ (၁)တန်စျေးနှုန်း (၁၀၃၀) အမေရိကန် ဒေါ်လာ၊ ပီလောပီနံမှုန့် တန်ချိန် (၃၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၆၀၀၀)၊ (၁)တန် စျေးနှုန်း (၅၃၃.၃၃) အမေရိကန်ဒေါ်လာ၊ ကားတာယာ အရေအတွက် (၅၇၅၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၃၀၀၀၀)၊ (၁) U စျေးနှုန်း (၂၂.၆၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပြီး ငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀၀ဝိ/- ကျပ် ရှိကြောင်း သိရှိရသည်။

ကော့သောင်းမြို့(၂၃-၈-၂၀၂၃)ရက်နေ့ ကျပ်/ဘတ် ငွေလဲနှုန်းနှင့် စက်သုံးဆီစျေးနှုန်း

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ (၂၃-၈-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် (၉၅၂) ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၁၀၅) ကျပ်ခန့် (၂၂-၈-၂၀၂၃) နှင့် နှိုင်းယှဉ်လျှင် မြန်မာငွေ (၃) ကျပ်ခန့်မြင့်တက်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၅၇၅၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၄၄၀၀) ကျပ်ဖြင့်မြင့်တက်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News