Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့/ တင်သွင်းနိုင်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့မှ ဩဂုတ်လ (၂၂) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှု ငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၇.၂) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ ငါးမှုန့် တစ်တန်လျှင် (၉၀၀) ဒေါ်လာနှုန်းဖြင့် (၂၄၀) တန်၊ တန်ဖိုး (၀.၂၁၉) ဒေါ်လာသန်း၊ စုစုပေါင်း ပို့ကုန်တန်ဖိုး (၀.၂၃၂) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံ သက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေး စခန်းအထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့မှ ဩဂုတ်လ (၂၂) ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှု ဘက်ထရီအိုး (၂၂၃၂) U  ၊ တန်ဖိုး (၀.၀၅၇) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၃၂၁၀) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၃၂၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၀၈) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News