Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ် (၁၂) ရက်နေ့မှ ဩဂုတ်(၂၂) ရက်နေ့အထိ ကုန်သွယ်မှုသတင်း

Last Updated:

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ် (၁၂) ရက်နေ့မှ ဩဂုတ်(၂၂) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၁၅.၈၁၆) ဒေါ်လာသန်း၊ သွင်းကုန် (၃၆.၉၈၆) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၅၂.၈၀၂) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သည်။

အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာရော်ဘာ (၆၆၆၂.၀၀) တန်၊ တန်ဖိုး (၈.၀၉၅) ဒေါ်လာသန်း၊ ပဲယင်း (၂၂၀၃.၅၀)တန်၊ တန်ဖိုး (၁.၇၂၅)ဒေါ်လာသန်း၊ ပဲတီစိမ်း (၂၀၉၅.၅၀) တန်၊ တန်ဖိုး (၁.၆၂၀)ဒေါ်လာသန်း၊ မြေထောက်ပဲ(၉၀၁.၀၀)တန်၊ တန်ဖိုး(၁.၂၆၂)ဒေါ်လာသန်း၊ ပြောင်း(၃၃၆၇.၀၆၃) တန်၊တန်ဖိုး (၀.၉၆၄)ဒေါ်လာသန်း၊ ဆန်ကွဲ (၇၇၇.၂၅)တန်၊ တန်ဖိုး (၀.၃၁၅)ဒေါ်လာသန်း၊ ထောပတ်ပဲ (၂၇၂.၀၀)တန်၊တန်ဖိုး (၀.၃၀၉)ဒေါ်လာသန်း၊ စွန်တာနီပဲ (၄၉၃.၀၀)တန်၊ တန်ဖိုး (၀.၂၉၈)ဒေါ်လာသန်း၊ ဘိုကိတ်ပဲ (၃၃၈.၀၀)တန်၊ တန်ဖိုး (၀.၂၀၁) ဒေါ်လာသန်းနှင့်ရော်ဘာကြမ်း (၂၁၉.၁၅)တန်၊ တန်ဖိုး (၀.၁၉၀)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၁၂.၂၈၁)ဒေါ်လာသန်း၊ ချည်ထည်များ (၃.၉၂၅)ဒေါ်လာသန်း၊ ဓာတ်မြေဩဇာ (၃.၇၁၅) ဒေါ်လာသန်း၊ စက်နှင့်စက်အပိုပစ္စည်း(၂.၀၇၄) ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသော အထည်အလိပ်များ (၀.၉၅၀) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်း(လုပ်ငန်းသုံး) (၀.၇၅၆)ဒေါ်လာသန်း၊လေအေးပေးစက်များ (၀.၆၆၇)ဒေါ်လာသန်း၊ ပိုးသတ်ဆေး (၀.၆၄၃)ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ(၀.၅၉၉) ဒေါ်လာသန်းနှင့် ဆေးဝါးပစ္စည်းများ (၀.၅၉၇) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့သည်။

ကုန်စည်သယ်ယူစရိတ်အနေဖြင့်   မန္တလေးမှ   ချင်းရွှေဟော်သို့   ယခုအပတ်တွင်  အတက်ကုန်ကားခ  တစ်ပိဿာလျှင်  (၈၀)  ကျပ်ရှိကြောင်း  သိရှိရသည်။  အဆင်းကုန်  ကုန်ကျစ်ကားခ  တစ်ပိဿာလျှင် (၁၇၀) ကျပ်၊ ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅) ကျပ်ရှိကြောင်း သိရသည်။ လယ်ယာထွက်ကုန် ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ ဆန် (၄၅၇) ဒေါ်လာနှုန်း၊ ဆန်ကွဲ (၄၄၂) ဒေါ်လာနှုန်း၊ ပဲတီစိမ်း (၈၄၂) ဒေါ်လာနှုန်း၊ မြေထောက်ပဲ (၁၁၄၂) ဒေါ်လာနှုန်း၊ ပဲလွန်းဖြူ (၆၇၁) ဒေါ်လာနှုန်း၊ ပြောင်း (၃၂၈) ဒေါ်လာနှုန်း၊ နှမ်း (၁၇၁၄) ဒေါ်လာနှုန်း၊ ရော်ဘာ (၁၁၄၂) ဒေါ်လာနှုန်း၊ ငရုတ်အစို (၇၁၄) ဒေါ်လာနှုန်း၊ ငရုတ်ခြောက် (၁၂၈၅) ဒေါ်လာနှုန်းရှိခဲ့ကြောင်း သိရှိရသည်။ မန္တလေး၊ လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန် ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News