Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၂၁-၈-၂၀၂၃) မှ (၂၂-၈-၂၀၂၃) ရက်နေ့အတွင်း ပို့ကုန်တင်ပို့နိုင်မှုမရှိခဲ့ကြောင်း တွေ့ရှိရသည်။ ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၆၀)ဒေါ်လာ၊ မြေထောက်ပဲ တစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ ရော်ဘာ တစ်တန်လျှင် (၁၃၀၀) ဒေါ်လာ၊ Aluminium Ingotတစ်တန်လျှင် (၁၇၅၂) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့  ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ်ရှိကြောင်းသိရှိရသည်။

ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်ဓါတ်မြေဩဇာ (၁၅၀.၀၀) တန်၊ တန်ဖိုး (၀.၀၅၂) ဒေါ်လာသန်း၊ ပိတ်လိပ် (၁၃.၄၀) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ ပီနံအိတ် (၁၃.၅၀) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ ချည် (၁၆.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ပလပ်စတစ် လိပ် (၁၅.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ပတ္တာကြိုး (၁၅.၀၀) တန်၊ တန်ဖိုး (၀.၀၁၉၀) ဒေါ်လာသန်း၊ သံချောင်း (၃၀.၀၀) တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ သံပိုက် (၁၅.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ကုန်စုံ (၆၈.၂၀) တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်းတို့ အများဆုံးတင်သွင်းနိုင်ခဲ့သည်။

သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဓါတ်မြေဩဇာ (Organic Fertilizer) တစ်တန်လျှင် (၂၅၀) ဒေါ်လာ၊ဓါတ်မြေဩဇာ (Compound Fertilizer) တစ်တန်လျှင် (၃၉၈) ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ်တစ်တန်လျှင်(၇၉၇)ဒေါ်လာ၊ ကော်စေ့ တစ်တန်လျှင် (၁၀၀၀)ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၈၀၀၀၀၀)ကျပ်၊ကုန်ပွ(၅၀၀၀၀၀)ကျပ်နှင့်ကုန်စုံ တစ်စီးလျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊  ဗန်းမော်ဒေသထွက် ပို့ကုန်ပစ္စည်းများ အားဗန်းမော် - မိုးမောက်  (ကျောက်စခန်း)  –၂ စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိသည်။

ငွေကြေးဈေးကွက်ပြောင်းလဲမှုအခြေအနေ

လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၂၀-၈-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၈၀) ကျပ်ဖြစ်ခဲ့ပြီး  ၂၂-၈-၂၀၂၃ ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၈၅) ကျပ်ဖြစ်၍ မြန်မာကျပ်  ငွေဈေးကျခဲ့ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News