Local News

သကြား အမြင့်စျေးတွင်ရှိနေပြီး လာမည့်ကြံကြိတ်ရာသီ ကြံစျေး တစ်သိန်းကျော်ဖြင့်ဝယ်မည်

Last Updated:

စျေးကွက်တွင် လက်ကျန်နည်းလာပြီးဖြစ်သည့်အတွက် သကြားစျေးအမြင့်စျေးတွင်ရှိနေပြီး လာမည့်ကြံကြိတ်ရာသီကြံစျေး တစ်သိန်းပေးဝယ်မည်ဖြစ်ကြောင်း သကြားကုန်သည်များထံမှ သိရသည်။ ယင်းအပြင် လတ်တလော ဒေါ်လာစျေးမှာ မြင့်တက်နေ၍ စျေးမှာအတက်စျေးတွင်ရှိနေခြင်းကြောင့် မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ သိရသည်။ 

ပြီးခဲ့တဲ့လက ရန်ကုန်စျေး သကြားတစ်ပိဿာလျှင် ၃၂၀၀မှ ၃၃၀၀ဝန်းကျင် အထိသာရှိခဲ့ပြီး လက်ရှိ ၃၆၀၀မှ ၃၆၅၀အထိ ပေါက်စျေးထိရှိနေပြီး တစ်ပိဿာကို ၃၅၀ ကျပ်ဈေး မြင့်တက်လာသည်။ ဒေသအလိုက် အချိန်နှင့်အမျှလည်း ဈေးနှုန်းပြောင်းလဲနိုင်ပြီးပြည်တွင်းသကြားဈေးမှာ ပြီးခဲ့သည့် နှစ်များဖြင့်ယှဉ်ပါက စျေးနှုန်းတော်တော်များများ တက်လာကြောင်းလည်းသုံးသပ်ကြသည်။ 

“ပြည်တွင်းမှာလဲ သကြားရောင်းစရာ သိပ်မကျန်တော့ဘူး၊လက်ကျန်နည်းတာလဲပါမယ်။ ငွေစျေးတွေလည်း တက်တော့သကြားစျေးလဲ လိုက်တက်တာပေါ့” ဟုမြန်မာနိုင်ငံ သကြားနှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ ထို့ပြင် လက်ရှိလက်ကျန်မှာ သကြားတန်ချိန် တစ်သိန်းခန့်သာရှိတော့ကြောင်း ခန့်မှန်းကြသည်။

လာမည့် ၂၀၂၃-၂၀၁၄ ကြံကြိတ်ရာသီ အတွက်ပြည်တွင်းသကြားစက်ရုံများအနေဖြင့် အဖူးအမြစ်ကင်းစင်ကာ သန့်ရှင်းလတ်ဆက်ပြီး စက်ရုံရောက်စျေးကြံတစ်တန် ကို တစ်သိန်းကျော်  ပေးကာ ဝယ်ယူပေးမည်ဖြစ်ကြောင်း သိရသည်။ "လာမဲ့ ကြံကြိတ်ရာသီမှာ ငွေရည်ပုလဲ သကြားစက်ရုံ တစ်သိန်းတစ်သောင်း ပေးဝယ်မယ်ကြောငြာထားတယ်။ နဝဒေ သကြားစက်ရုံ ကတော့ တစ်တန်ကို တစ်သိန်းပေးဝယ်မယ်လို့ ကြော်ငြာထားတယ်။ ပြီးခဲ့တဲ့ရာသီကလည်း သကြားစျေးကောင်းလို့ ၉ သောင်းသတ်မှတ်ထားတာကနေ တစ်သိန်းကျော်ထိ တိုးပေးခဲ့တယ်။ သကြားစျေးက အခုနှစ်မှာ နိုင်ငံတကားစျေးမှာလည်း မြင့်တက်နေတော့ ကံကောင်းသွားတာ။ ပြည်တွင်းစာသုံးမူလည်းရှိတော့ အဆင်ပြေတာပေါ့” ဟု သကြားစိုက်တောင်သူ ကိုမင်းစိုးကပြောသည်။ 

သကြားစက်ရုံမှ တစ်သိန်းကျော် သတ်မှတ်ထာ‌းပေမယ့် တောင်သူအများစုက‌တာ့ တစ်သိန်းသုံးသောင်းမှသာ လောက်ငှမည်ဖြစ်ကြောင်း ပြောကြားမှုများ ရှိခဲ့သည်။ လက်ရှိ export အနေ ဖြင့် ဗီယက်နမ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိနေပြီး အဆိုပါ နိုင်ငံသို့ သကြား မကြိတ်ခင် ကြိုတင်စာချုပ်ဖြင့် နှစ်စဉ်တင်ပို့ ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။ ကိုဗစ်ကြောင့် ပြီးခဲ့  သည့် နှစ်များက သကြားစျေးကွက်မှာ အရှုံးပေါ်ခဲ့ပြီး ကြံစိုက်ဧကများကို လျော့ချစိုက်ပျိုးခဲ့ခြင်းများလည်းရှိခဲ့ကာ ယခုနှစ်တွင် စျေးကောင်းရနေသည့်အတွက် သကြားတိုးချဲ့စိုက်ပျိုးလျက်ရှိ ကြောင်း ကြံစိုက်တောင်သူများထံမှ သိရသည်။ 

တစ်နှစ်လျှင် ပျမ်းမျှ သကြားတန်ချိန် လေးသိန်း ခန့် ထွက်ရှိကြောင်း ကြံစိုက်တောင်သူများထံမှ သိရသည်။ မြန်မာနိုင်ငံ၏ ကြံကြိတ်ခွဲရာသီသည် နှစ်စဉ် ဒီဇင်ဘာလတွင် စတင်ကာ ဧပြီလဆန်းပိုင်းတွင် ကုန်ဆုံးလေ့ရှိပြီး ကြံကိုအဓိကအားဖြင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း (အရှေ့ခြမ်းနှင့် အနောက်ခြမ်း)၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် စိုက်ပျိုးနေခြင်းဖြစ် ကြောင်း သိရသည်။

Source: https://t.me/htwettoe

Category: Local News