Local News

ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ရည်ရွယ်လုပ်ဆောင်နေသည့် ခွံပျော့ကဏန်း မွေးမြူခြင်းလုပ်ငန်း အောင်မြင်နေ

Last Updated:

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြိုနယ်တွင် အခွံပျော့ကဏန်းများ စီးပွားဖြစ်မွေးမြူကာ ပြည်ပဈေးကွက်သို့ထိုးဖောက်ရောင်းချနိုင်ရန် စီစဉ်နေကြောင်း လက်ရှိလုပ်ငန်းအောင်မြင်နေသည့် GW NINE FIVE(SSC CRAB)မှ Operations Manager ဦးသန်းဇော်ဦးထံက နိုင်ငံပိုင်သတင်းဌာနမှ တဆင့်ပြောကြားထားသည်။ ယင်းကဲ့သို့ ကဏန်းမွေးမြူရာတွင် ရွှံကဏန်းအခွံမာများအား ကန်များအတွင်း ခြင်းများဖြင့်ထည့်၍ အခွံပျော့ကဏန်းဖြစ်သည်အထိ မွေးမြူထားရှိပြီး ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချရန် စီစဉ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ လုပ်ငန်းကို ၂၀၂၂ ခုနှစ်၊ ဧပြီလမှ စတင်ကာကန်များ  တူးဖော်လုပ်ကိုင်ခဲ့ပြီး  စက်တင်ဘာလတွင်  ကဏန်းစထည့်ခဲ့ခြင်းဖြစ်ကြောင်း  ဦးသန်းဇော်ဦးကဆိုသည်။  100  kg  အောက်   ရွှံကဏန်း အခွံမာများကိုဝယ်ယူပြီး အခွံပျော့ ကဏန်းဖြစ်သည်အထိ မွေးမြူခြင်းလုပ်ငန်းကိုလုပ်ကိုင်ရပြီး ကဏန်းပျော့များ ရရှိလာပါက အောက်ဆီဂျင်ပေးပြီး ရန်ကုန်မြို့ရှိ အအေးခန်းစက်ရုံများသို့ နေ့စဉ်တင်ပို့‌နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယင်းသို့ တင်ပို့ထားသည့် ခွံပျော့ကဏန်းများကို ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ ကုမ္ပဏီများမှတဆင့် ပြည်ပနိုင်ငံများသို Exports ဆက်လက်တင်ပို့ကြခြင်းဖြစ်ပြီး နောင်နှစ်များတွင် လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ကာ ပြည်ပဈေးကွက်များအထိ ထိုးဖောက်ရောင်းချနိုင်ရန် စီစဉ်နေကြောင်း ဦးသန်းဇော်ဦးက ပြောသည်။ အဆိုပါ GW NINE FIVE (SSC CRAB) လုပ်ငန်းနှင့် ပတ်သက်၍ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှလည်း လုပ်ငန်းစတင်ဆောင်ရွက်စဉ်ကစတင်ကာ လုပ်ငန်းအောင်မြင်မှုရရှိစေရန် ကူညီပေးလျက်ရှိကြောင်းလည်း သိရသည်။

ကဏန်းပျော့ မွေးမြူခြင်း လုပ်ငန်းအဆင့်ဆင့်မှာ ကန်ပြုပြင်ခြင်း၊ တံတားများဆောက်ခြင်း၊ ဖောင်များပြင်ပြီးလျှင်ကန်ထဲသို့ ရေသွင်းရေထုတ်ပြုလုပ်ကာ ကန်သန့်ရှင်းရေးလုပ်ခြင်း၊ ရေပြန်ထည့်ခြင်း ၊ ကဏန်းထည့်ခြင်းတို့ လုပ်ဆောင်ရကြောင်း သိရသည်။

Source: http://www.popularmyanmar.com

Category: Local News