Local News

မုံရွာမြို့တွင် ကြက်သွန်နီဈေးနှုန်း အနည်းငယ်မြင့်တက်

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ကြက်သွန်နီကုန်ဝယ်ဒိုင်များသို့ ပုလဲ၊ ချောင်းဦး၊ ယင်းမာပင်၊ ဘုတလင်၊ ဆားလင်းကြီးနယ်များမှ ကြက်သွန်နီများအပြင် မုံရွာမြို့နယ်အတွင်း ကြက်သွန်နီ အများဆုံးစိုက်ပျိုးထွက်ရှိရာ ဒေသများဖြစ်ကြသော မြေနဲကျေးရွာ၊ အောင်သာကျေးရွာ၊ မင်းကျေးရွာ၊ ကုတောပလ္လင်ကျေးရွာ၊ လယ်တီကျေးရွာ၊ တုံကျေးရွာနှင့် နှုန်းကြီးကျေးရွာစသည့် ကျေးရွာများမှထွက်ရှိသော ကြက်သွန်နီများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ကြက်သွန်နီ ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ(တတိယ)အပတ်တွင် လက်ကားဒိုင်ဈေးမှာ ကြက်သွန်နီ(ထိပ်စ)တစ်ပိဿာလျှင် ကျပ် ၂,၈၀၀၊ (အလတ်စ) တစ်ပိဿာလျှင် ကျပ် ၂,၆၀၀၊ (အနိမ့်စ)တစ်ပိဿာလျှင် ကျပ် ၂,၀၀၀-၂,၁၀၀ ဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်း၊ မုံရွာမြို့ ပေါ်ရှိကန်သာယာဈေးနှင့်ဈေးဟောင်းတို့တွင် ကြက်သွန်နီ လက်လီဈေးနှုန်းမှာ (ထိပ်စ) တစ်ပိဿာလျှင် ကျပ် ၃,၁၀၀-၃,၂၀၀၊ (အလတ်စ) တစ်ပိဿာလျှင် ကျပ် ၂,၇၀၀-၂,၈၀၀၊ (အနိမ့်စ) တစ်ပိဿာ လျှင် ကျပ် ၂,၃၀၀-၂,၄၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ယခုအချိန်သည် ကြက်သွန်ပေါ်ချိန် မဟုတ်သေးပဲ ဂိုဒေါင်များမှာ သိုလှောင်ထားသော ကြက်သွန်များကိုသာ ရောင်းချနေကြရခြင်းဖြစ်ကြောင်း မုံရွာမြို့ပေါ်ရှိ ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦး ထံမှသိရသည်။

Source: https://commerce.gov.mm

Category: Local News