Local News

မန္တလေးကုန်စည်ဒိုင်၏ မြေပဲဆန်ဈေးနှုန်း ဈေးအေးနေ

Last Updated:

နိုဝင်ဘာလ တတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ မကွေး၊ နတ်မောက် ၊ စစ်ကိုင်း၊ ဝက်လက်၊ နွားထိုး၊ မြင်းမူ၊ ကျောက်ဆည်၊ မလှိုင်၊ မြင်းခြံ၊ ပခုက္ကူ ဘက်မှ မြေပဲဆံ အသစ်များ ဝင်ရောက်နေကြောင်း သိရသည်။ မြေပဲလုံးဆန်များကို တရုတ်ဝယ်လက်မှ ဝယ်ယူမှုနည်းခြင်း၊ ဆီဆန်ကို ဆီစက်သမားများမှ ဝယ်ယူမှုအေးခြင်းတို့ကြောင့် မြေပဲဈေးနှုန်း ဆက်တိုက် ကျဆင်း လာကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှ သိရသည်။

မြေပဲလုံးဆန် (နီ) တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၅၃၀၀ မှ ၅၄၀၀၊ ယခင်တစ်ပတ်ကျပ် ၅၃၀၀ မှ ၅၅၀၀၊ ယခင်လကျပ် ၅၃၀၀ မှ ၅၅၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ ၊ ယခင်လထက်ကျပ် ၁၀၀ နိမ့်ကျလာသည်။

မြေပဲလုံးဆန် (ဖြူ) တစ်ပိဿာ ဈေးနှုန်းများမှာ ယခု တစ်ပတ် ကျပ် ၅၇၀၀ မှ ၅၆၀၀၊ ယခင်တစ်ပတ် ကျပ် ၅၆၀၀ မှ ၅၇၀၀၊ ယခင်လ ကျပ် ၅၈၀၀ မှ ၆၄၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး  ယခင်လထက် ကျပ်  ၂၀၀ မှ ၇၀၀ နိမ့်ကျလာသည်။

S1 ဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၅၁၀၀ မှ ၅၄၀၀၊ ယခင်တစ်ပတ်ကျပ် ၅၃၀၀ မှ ၅၅၀၀၊ ယခင်လကျပ် ၅၂၀၀ မှ ၅၄၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀ မှ ၂၀၀ ယခင်လထက်ကျပ် ၁၀၀ နိမ့်ကျလာသည်။

 

မြင့်မြင့်လှိုင်

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

                                                                                                        

Category: Local News