နိုဝင်ဘာလတတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ရမည်းသင်း၊ တပ်ကုန်း၊ ပျော်ဘွယ်၊ အောင်လံဘက်မှပဲတီစိမ်း အသစ်များဝင်ရောက်နေပြီး၊ စိုထိုင်းဆပေါ်မူတည်၍ အရည်အသွေးလိုက် ဈေးဖွင့် ဝယ်ယူနေကြောင်း ကျန်ပဲများမှာ အသစ်ဝင်ရောက်မှုမရှိပဲ လှောင်လက်ပဲများသာ အရောင်း အဝယ်ဖြစ်နေပြီး ကထိန်ရာသီဖြစ်၍ အရောင်းအဝယ်အေး ဈေးအေးနေကြောင်း မန္တလေးကုန်စည် ဒိုင်မှ ဈေးကွက်သိရသည်။
ပဲတီစိမ်း (အညာ) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၄၅၀၀၀ မှ ၁၅၀၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၁၄၅၀၀၀ မှ ၁၅၅၀၀၀ ၊ ယခင်လ ကျပ် ၁၆၅၀၀၀ မှ ၁၇၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀ ၊ ယခင်လထက် ကျပ် ၃၀၀၀ မှ ၅၀၀၀ နိမ့်ကျလာသည်။
မတ်ပဲ ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၇၅၀၀၀ မှ ၂၇၄၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၂၇၇၀၀၀ ၊ ယခင်လ ကျပ် ၂၇၂၀၀၀ မှ ၂၇၃၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀ မှ ၃၀၀၀ နိမ့်ကျလာပြီး ၊ ယခင်လထက်ကျပ် ၂၀၀၀ မြင့်တက် လာသည်။
မြေထောက်ပဲ ၅၄ ပိဿာဝင်သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၁၀၀၀၀ မှ ၃၃၀၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၃၀၀၀၀၀ မှ ၃၂၀၀၀၀ ၊ ယခင်လ ကျပ် ၃၅၀၀၀၀ မှ ၃၅၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ကျပ် ၁၀၀၀၀ မြင့်တက်လာပြီး၊ ယခင်လထက် ကျပ် ၂၅၀၀၀ မှ ၄၀၀၀၀ နိမ့်ကျလာသည်။
မြင့်မြင့်လှိုင်
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး