Local News

ရခိုင်ပြည်နယ် စစ်တွေကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုသတင်း

Last Updated:

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  (၁၈-၁၁-၂၀၂၃) မှ (၂၄-၁၁-၂၀၂၃)အထိ အမှန်တင်ပို့ကုန် ပစ္စည်းများအနေဖြင့် ကြက်သွန်နီ နှင့် ငါးမြစ်ချင်းတို့တင်ပို့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၉၂၁၉ ဒဿမ ၃၆ ဒေါ်လာ တင်ပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်သွယ် ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် ကြက်သွန်နီတန်ချိန် ၈ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ကြက်သွန်နီတန်ချိန် တင်ပို့မှုမရှိခဲ့ပါ။ ယခုအပတ်ကြက် သွန်နီ တင်ပို့နိုင်မှုငွေပမာဏမှာ ၃၉၀၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်သွယ် ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်းအနေဖြင့် ငါးမြစ်ချင်းတန်ချိန် ၅၀ ဒဿမ ၈၈ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ငါးမြစ်ချင်းတန်ချိန် ၁၁၆ ဒဿမ ၈၈ တန် တင်ပို့ ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ငါးမြစ်ချင်းတန်ချိန် တင်ပို့နိုင်မှုလျော့နည်းသွားကြောင်း သိရပါသည်။ ယခုအပတ် ငါးမြစ်ချင်းတင်ပို့နိုင်မှု ငွေပမာဏမှာ ၆၅၆၁၉ ဒဿမ ၃၆ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

 

   နီလာ

ပြည်နယ်ဦးစီးမှူး

Category: Local News