Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

နိုဝင်ဘာလ စတုတ္ထပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီ ထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ   နှမ်းဖြူ၊ နှမ်းညို၊ နှမ်းဝါ၊ နှမ်းနက်၊ မြေပဲလုံးဆံဖြူနှင့် ဆီဆံဈေးနှုန်းများ ဈေးမြင့်နေကြောင်း သိရသည်။ ယခုအပတ်တွင်း နှမ်းညို တစ်တင်းလျှင် (၉၀၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၉၀၅၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀၀၀-၁၁၄၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၅၀၀၀-၁၀၇၀၀၀) ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူ အချိန် ပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်းလျှင် (၈၇၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၉၀၀၀၀-၉၅၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၉၅၀၀၀-၁၀၆၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀ - ၁၀၄၀၀၀) ကျပ်ရှိနေကြောင်းသိရသည်။

ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိ ဿာ (၅၈၀၀-၆၀၀၀)ကျပ် မြေပဲဆီဆံဖြူ တစ်ပိဿာ (၅၅၀၀) ကျပ်ရှိပြီး ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၅၈၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၅၄၀၀) ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူ အနည်းငယ် မြင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၁၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိ ဿာ (၁၂၀၀၀)ကျပ်၊ ပဲဖတ် တစ်ပိဿာ(နယ်- ၂၄၇၅ )ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ( ၂၃၂၅ ) ကျပ်၊ နေကြာဖတ် တစ်ပိဿာ (၁၇၅၀)ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

 

Monywa Myantrade

Category: Local News