Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှု

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈  ရက်မှ  ၂၄ ရက်နေ့ အတွင်း ကံပိုင်တည် နယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ ဆန်ကွဲ၊ ပြောင်း၊ ဖရဲသီး၊ ရွှေဖရုံသီးနှင့် ဆန်များ တင်ပို့ခဲ့ပြီး ပို့ကုန်၏ စုစုပေါင်း ငွေပမာဏမှာ ၃၅၇၂၃၄၈.၃၃၀ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁  ရက်မှ  ၁၇  ရက်နေ့ထိ တင်ပို့ကုန်၏ ငွေပမာဏ ၂၉၃၉၈၈၂.၆၃၀ ကန်ဒေါ်လာနှင့် ကာလတူ တင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၆၃၂၄၆၅.၇၀၀ ကန်ဒေါ်လာ တန်ဖိုးပိုမို၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။

            သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈  ရက်မှ  ၂၄ ရက်နေ့အတွင်း ဆေးဝါးပစ္စည်းများ၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ အခြားစက္ကူများ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ လယ်ထွန်စက်များ၊ လယ်ယာသုံးနောက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ လူသုံးအခြားပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ စက်နှင့်စက်ပစ္စည်းများ၊ ချည်ထည်များ၊ ပလပ်စတစ် ပိုက်၊ အဝတ်အထည်များနှင့် မြက်ခင်းတုများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ၅၃၁၉၄၃.၂၂၀ ကန်ဒေါ်လာ တင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁  ရက်မှ  ၁၇  ရက်နေ့ထိ တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုး ၁၁၅၇၅၅၁.၀၀၁ ကန်ဒေါ်လာနှင့် ကာလတူ တင် သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၆၂၅၆၀၇.၇၈၁ ကန်ဒေါ်လာတန်ဖိုး လျော့နည်း၍ တင်သွင်း ခဲ့သည်ကို တွေ့ရပါသည်။

          တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအား နှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၃၀၄၀၄၀၅.၂၂၀ ကန်ဒေါ်လာတန်ဖိုး ပိုမို၍ ကုန်သွယ်မှုပြုခဲ့ကြောင်း ကုန်သွယ်မှုစာရင်း များအရ တွေ့ရပါသည်။ ငွေလဲနှုန်းများမှာ တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၉၆.၇၃  ကျပ် ရှိကြောင်း သိရှိရပါသည်။

 

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

       ကချင်ပြည်နယ်

Category: Local News