Local News

လွယ်ဂျယ်နှင့် ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာတရုတ် နှစ်နိုင်ငံ- ကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈  ရက်မှ  ၂၄  ရက်နေ့များ အတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၃၅၇၂၃၄၈.၃၃၀ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်း ငွေပမာဏတန်ဖိုးမှာ ၅၃၁၉၄၃.၂၂၀ ကန်ဒေါ်လာ တင်သွင်း မှုရှိခဲ့ပါသည်။

တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ ဆန်ကွဲ၊ ပြောင်း၊ ဖရဲသီး၊ ရွှေဖရုံသီးနှင့် ဆန်များ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏသည် ၁၆၈၈၉၈၃.၅၂၀ ကန်ဒေါ်လာဖြစ်ပြီး၊ ကံပိုင်တည် နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏတန်ဖိုးမှာ ၁၈၈၃၃၆၄.၈၁၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ ဆေးဝါးပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ အခြားစက္ကူ များ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ လယ်ထွန်စက်များ၊ လယ်ယာသုံးနောက်တွဲ ယာဉ်နှင့် အခြားယာဉ်များ၊ လူသုံးအခြားပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ စက်နှင့်စက်ပစ္စည်းများ၊ ချည်ထည်များ၊ ပလပ်စတစ်ပိုက်၊ အဝတ်အထည်များနှင့် မြက်ခင်းတုများ တင်သွင်းမှုရှိခဲ့ပါသည်။ ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၂၀၅၆၄၃.၀၃၀ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ မြန်မာ နိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၃၂၆၃၀၀.၁၉၀ တင်သွင်းမှုရှိ ခဲ့ပါသည်။

မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေ ၁ ကျပ် လျှင် တရုတ်ငွေ ၀.၃၃၇ ယွမ် ရှိပြီး တရုတ်ငွေ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၉၆.၇၃  ကျပ် ရှိကြောင်းသိရှိရပါသည်။

 

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

       ကချင်ပြည်နယ်

Category: Local News