Local News

တရုတ်ဝယ်လက်ကြောင့် ပြည်တွင်းမှာ သကြားစျေးကောင်းနေ

Last Updated:

တရုတ်နိုင်ငံမှ ဈေးကောင်းပေးဝယ်နေတာကြောင့် သကြားစျေးကွက်အတွင်းမှာ အရောင်းအဝယ်ကောင်းနေကြောင်း မန္တလေးရှိ သကြားကုန်သည်များထံမှ သိရပါတယ်။ လက်ရှိတွင် ပြည်ပကုန်သည်များမှ သကြားဝယ်ယူမှု များပြားလာသည့်အပြင် ပြည်တွင်းဈေးကွက်အတွင်း၌ပါ သကြားဝယ်ယူမှု များပြားလာခြင်းဖြစ်ကြောင်း သိရပါတယ်။ ပြည်တွင်းမှ ထွက်ရှိသည့် သကြားကို တရုတ်နိုင်ငံဘက်ကနေ ဈေးကောင်းပေးဝယ်နေတဲ့အပြင် ဗီယက်နမ်နိုင်ငံမှလည်း ဝယ်ယူမှုများရှိလာနေကြောင်း သိရပါတယ်။ ဒါကြောင့် မန္တလေးဈေးကွက်ထဲမှာတော့ သကြားက အရောင်းအဝယ်အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။ လက်ရှိ မန္တလေးဈေးကွက်အတွင်းမှာ သကြား တစ်ပိဿာကို ငွေကျပ် ၃၈၀၀ ဝန်းကျင်ထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။ 

Source: Opinion Leaders 

Source: https://t.me/htwettoe

 

Category: Local News