Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်/ သွင်းကုန်တင်ပို့နိုင်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ (၂၃) ရက်နေ့မှ (၂၇) ရက်နေ့အတွင်း ပို့ကုန် တင်ပို့မှု ငါးမှုန့်(၁) တန်လျှင် (၉၁၇) ဒေါ်လာနှုန်းဖြင့်(၁၅၉၀) တန်၊ တန်ဖိုး (၁.၄၅၈) ဒေါ်လာသန်း၊ ငါးဆီ (၁) တန်လျှင် (၆၀၆) ဒေါ်လာနှုန်းဖြင့် (၂၈)တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်းတို့အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ ကော့သောင်းမြို့မှ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ငါးကြိတ်သား (၁)တန်လျှင် (၁၈၅၈) ဒေါ်လာနှုန်းဖြင့် (၁၈) တန်၊ တန်ဖိုး (၀.၀၃၃)ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ မောတောင်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့်ထိုင်းနိုင်ငံ ပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်းဖြင့်လည်းကောင်း တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန်တန်ဖိုး (၁.၅၀၈)ဒေါ်လာသန်း တင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေး စခန်းအထိကုန် (၁)တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ်-ထားဝယ်-ရန်ကုန်လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့မှ (၂၇) ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှုဒီဇယ်ဆီ (၁)တန်လျှင် (၈၂၉.၄) ဒေါ်လာနှုန်းဖြင့်(၄၇၀၀) တန်၊ တန်ဖိုး (၃.၈၉၈) ဒေါ်လာသန်း၊ ဓာတ်ဆီ တစ်တန်လျှင် (၈၈၁) ဒေါ်လာနှုန်းဖြင့် (၃၀၀) တန်၊ တန်ဖိုး (၀.၂၆၄) သန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၃၈.၅၆၀၁) Kg တန်ဖိုး (၁.၁၂၉)ဒေါ်လာသန်းနှင့် လုပ်ငန်းသုံးပစ္စည်း (၈၆၁.၆၈၅)Kg ၊ (၄၀၀)U တန်ဖိုး (၀.၀၁၈)ဒေါ်လာသန်း၊ ပုဇွန်စာ (၁၅၀) Kg တန်ဖိုး (၀.၀၄၅)ဒေါ်လာ သန်း စုစုပေါင်းသွင်းကုန်တန်ဖိုး (၅.၃၅၄) ဒေါ်လာသန်းအား တင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁)လီတာ (၂၈၄၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၂၉၃၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၈.၉) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News