Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၂၆-၁-၂၀၂၄) ရက်နေ့ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ ငရုတ် (ခြောက်)၊ ငရုတ် (အစို)၊ အခြားရေထွက်ပစ္စည်းနှင့် ပုစွန်များ တင်ပို့ခဲ့ပါသည်။ ၂၆-၁-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊ ငရုတ်(ခြောက်)၊ ငရုတ် (အစို)၊ အခြားရေထွက်ပစ္စည်းနှင့် ပုစွန်များဖြစ်ပါသည်။

ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်း ပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

၂၆-၁-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ် ကုန်ကြမ်းများ (၀.၂၈၉) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၀.၂၂၈) ဒေါ်လာသန်း၊ ဘတ္ထရီများ (၀.၁၉၃)ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (၀.၁၆၃)ဒေါ်လာသန်း၊ ထုပ်ပိုးပစ္စည်းများ (၀.၁၀၇) ဒေါ်လာသန်း၊ စားသောက်ကုန်ပစ္စည်းများ (၀.၀၆၄)ဒေါ်လာသန်း၊ စာရေးကိရိယာများ (၀.၀၅၄) ဒေါ်လာသန်း၊ လူသုံးကုန်ပစ္စည်း (၀.၀၄၇) ဒေါ်လာသန်း၊ ချည်ထည်များ (၀.၀၃၄) ဒေါ်လာသန်းနှင့် သံနှင့်သံမဏိဆောက်လုပ်ရေး ပစ္စည်းများ (၀.၀၃၁) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၈.၀၃)ကျပ် ရှိပြီး ယခုအပတ်တွင် (၉၈.၅၂) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ အနည်းငယ်မြင့်တက်လျက်ရှိပါသည်။

၂၆-၁-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁) တန်လျှင် (၅၅၀.၂၇၉) ဒေါ်လာဖြင့် (၁၀၃၉.၄၂) တန်၊ (၀.၅၂၀) ဒေါ်လာသန်း၊ ငရုတ်(ခြောက်) ၁ တန်လျှင် (၁၅၈၀.၄၈၈) ‌ဒေါ်လာဖြင့် (၁၀၂.၅၀၀) တန် (၀.၁၆၂) ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို)  (၁) တန်လျှင် (၃၁၅.၆၈) ဒေါ်လာဖြင့် (၅၃.၈၅၂) တန် (၀.၀၁၇) ဒေါ်လာသန်း၊ အခြားရေထွက်ပစ္စည်းများ (၁)တန်လျှင် (၃၃၃၃.၃၃၃)ဒေါ်လာဖြင့် (၅.၁၀၀)တန် (၀.၀၁၇) ဒေါ်လာသန်းနှင့် ပုစွန်(၁)တန်လျှင် (၁၇၂၅.၈၃၈) ဒေါ်လာဖြင့် (၈.၁၁၂)တန် (၀.၀၁၄)ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၉.၉၃၉) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၃၁.၇၇၈) ကန်ဒေါ်လာ သန်း၊ ကုန်သွယ်မှုပမာဏ (၄၁.၇၁၇) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News