International News

နယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်-ဗီယက်နမ်နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်

Last Updated:

ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံသို့ သစ်သီးတင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ၃၀ ရာခိုင်နှုန်းမြင့်တက်လာကြောင်း၊ အထူးသဖြင့် အရှေ့တိုင်းနှစ်သစ်ကူးအားလပ်ရက် (Tet) ကာလ နီးကပ်လာသည် နှင့်အမျှ တရုတ်နှင့် ဗီယက်နမ်နိုင်ငံအကြား နယ်စပ်ဂိတ်များမှ တစ်ဆင့် ကုန်သွယ်မှုများ ဆက်လက်တိုးမြင့်လာကြောင်း Vn Economy အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

Dong Dang - Lang Son နယ်စပ်ဂိတ်စီးပွားရေးဇုန် စီမံခန့်ခွဲမှု ဘုတ်အဖွဲ့အဆိုအရ Lang Son ပြည်နယ်မြောက်ပိုင်း နယ်စပ်ဂိတ်ခြောက်ခုတွင် မကြာသေးမီကာလအတွင်း အကောက်ခွန်ရှင်းလင်းရေးမှတစ်ဆင့် ကုန်စည်တင်ဆောင်လာသည့် ယာဉ်အရေအတွက်သည် တစ်ရက်လျှင် အစီးရေ ၅၀၀ အထိ တိုးလာကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ပို့ကုန်အများစုမှာ နဂါးမောက်သီး၊ ငှက်ပျောသီးနှင့် ပိန္နဲသီးတို့ဖြစ် ကြောင်း ဖော်ပြထားပါသည်။

Lang Son ပြည်နယ် နယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ သစ်သီးတင်ပို့မှုသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရှိရပါသည်။

စီးပွားရေးလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ နယ်စပ်ဂိတ်များတွင် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများ ရှင်းလင်းလွယ်ကူသည့်အတွက် ကုန်တင်ကားများ ရက်အတော်ကြာ ပိတ်မိခြင်းမှ ကင်းဝေးပြီး ထုတ်ကုန်အရည်အသွေးပိုင်းအနေဖြင့် သစ်သီးဝလံများ၏ လတ်ဆတ်မှုကိုအာမခံနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

နယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်-ဗီယက်နမ်ကုန်သွယ်မှု စဉ်ဆက်မပြတ် တိုးမြှင့်လာခြင်းသည် နှစ်နိုင်ငံကြား စီးပွားရေးဆက်ဆံမှုများ ပိုမိုနက်ရှိုင်းလာစေသကဲ့သို့ ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်ဈေးကွက်များကွဲပြားစေရန် ကြိုးပမ်းနေမှုနှင့်ပတ်သက်၍ ဒေသတွင်းကုန်သွယ်မှု၏ အရေးပါမှုကို လေ့လာတင်ပြရပါသည်။

 

 

Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News