Local News

ရေစကြိုမြို့နယ်အတွင်းရှိထောပတ်ပဲစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိနိုင်ရေးမျှော်လင့်လျက်ရှိ

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ကျေးရွာများဖြစ်သော ညောင်တော၊ ရှစ်အိမ်တန်း၊ ကျွန်းဘိုပင်၊ ဇီးကျွန်း၊ ကူတုတ်နှင့် အောင်ချမ်းသာကျေးရွာများတွင် မြစ်ရေကျချိန်၌ ဆောင်းသီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မြေပဲ၊ ကုလားပဲ၊ ထောပတ်ပဲနှင့် အခြားပဲမျိုးစုံသီးနှံများကို စိုက်ပျိုးကြသည့်အနက် ထောပတ်ပဲကို အများအပြား စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ထောပတ်ပဲကို အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး မတ်လကုန်ခန့်တွင် ရိတ်သိမ်းရကြောင်း၊ ထောပတ်ပဲသီးနှံတစ်ဧက စိုက်ပျိုးကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြင်ခြင်း၊ ရိတ်သိမ်းခြင်းများအတွက် ကျပ် ၁,၀၀၀,၀၀၀ ခန့် ကုန်ကျခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ထောပတ်ပဲစိုက်ခင်းများမှာ အသီးအပွင့်များဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ပိုးမွှားအန္တရာယ်ကျရောက်မှု၊ ရာသီဥတုဖောက်ပြန်မှု မရှိပါက အထွက်နှုန်း ကောင်းမွန်နိုင်ကြောင်း၊ ယခင်ဈေးနှုန်းအနေဖြင့် ထောပတ်ပဲ တစ်တင်းလျှင် ကျပ် ၈၀,၀၀၀-၉၀,၀၀၀ ခန့်ရှိရာ ယခင်ဈေးနှုန်းအတိုင်း ရရှိမည်ဆိုပါက အကျိုးအမြတ်ပိုမိုရရှိနိုင်သည့်အတွက် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိနိုင်ရေး မျှော်လင့်လျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

Source: DOCA (မကွေး)

Source: https://commerce.gov.mm

Category: Local News