Local News

ပန်းဂေါ်ဖီပွင့်များ စျေးကွက်ထဲသို့ အများအပြားဝင်ရောက်လာ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းသို့ ပန်းဂေါ်ဖီပွင့်များ အများအပြားဝင်ရောက်ကာ အရောင်းအဝယ်သွက်နေပါသည်။ ဆောင်းသီးနှံဖြစ်သည့် ပန်းဂေါ်ဖီများသည် ရှမ်းပြည်မှဝင်ရောက်သကဲ့သို့  မြစ်အနောက်ဘက် မင်းဘူးတစ်လျှောက်မှ စိုက်ပျိုးထွက်ရှိသည့် ပန်းဂေါ်ဖီများလည်းထွက်ရှိသဖြင့် မကွေးမြို့ပေါ်တွင် လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းအဝယ်သွက်နေခြင်းဖြစ်ပါသည်။

ဆောင်းရာသီမရောက်မီ ဂေါ်ဖီပန်းပွင့်များမှာ ရှမ်းပြည်ဘက်မှဝင်ရောက်လာသည့်အတွက် သယ်ယူစရိတ်ရှိ၍ စျေးကောင်းနေပြီး ယခုအချိန်တွင် မြစ်အနောက်ဘက်မှ စိုက်ပျိုးထွက်ရှိလာ သည့် ပန်းများပေါ်ထွက်လာပြီဖြစ်သည့်အတွက် စျေးကျဆင်းလာကာ အရောင်းအဝယ်လည်း သွက်လာပါသည်။ မြစ်အနောက်ဘက်မှထွက်ရှိသည့် ပန်းများသည် ရှမ်းပန်းလောက် အရွယ်မကြီး သော်လည်း တိုင်းအတွင်းထွက်ရှိသည့်ပန်းဖြစ်၍ လတ်ဆက်ပါသည်။

ပန်းဂေါ်ဖီစျေးများမှာ ယခင်ရက်ပိုင်းတွင် ရှမ်းပန်းတစ်ပွင့်လျှင် ကျပ်(၁၅၀၀/၁၈၀၀)စျေး အထိရရှိနေပြီး ယခုရက်ပိုင်းတွင် ကျပ်(၁၀၀၀/၈၀၀)စျေးသာရှိပါသည်။ မင်းဘူးမြို့နယ်မှထွက်ရှိသည့်ပန်းများမှာ ပန်းပွင့်အရွယ်အစားသေးပြီး တစ်ပွင့်လျှင် ကျပ်(250/300/350)စျေးသာရှိသည့် အတွက် စျေးနှုန်းချိုသာစွာဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News