Local News

လွယ်ဂျယ်နှင့် ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

          ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ၁၇ရက်မှ၂၃ ရက်နေ့များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၇၆၇၃၇၅.၈၈ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏စုစုပေါင်းငွေပမာဏတန်ဖိုးမှာ၁၁၉၉၂၈၃.၂၄ကန်ဒေါ်လာ တင်သွင်းမှုရှိခဲ့ပါ သည်။ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ဆန်၊ မြေထောက်ပဲ၊ ပြောင်း၊ ပဲတီစိမ်းနှင့် ဆန်ကွဲများတင်ပို့ခဲ့ကြောင်းသိရှိရပါသည်။လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့တင်ပို့ကုန်၏ငွေပမာဏသည် ၃၃၃၃၄၄.၅၅၀ကန်ဒေါ်လာ ဖြစ်ပြီး၊ ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းမှတရုတ်နိုင်ငံသို့တင်ပို့ကုန်၏ငွေပမာဏတန်ဖိုးမှာ ၄၃၄၀၃၁.၃၃၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။
      သွင်းကုန်ပစ္စည်းများမှာ စက်နှင့်စက်ပစ္စည်းများ၊လယ်ထွန်စက်များ၊ ချည်ထည်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဓါတ်မြေသြဇာများ၊ လျှပ်စစ်ဓါတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ သားရေ/သားရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ သံပိုက်၊ ကားတာယာနှင့် မြက်ခင်းတုများတင်သွင်းမှုရှိခဲ့ပါသည်။ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ၄၃၀၄၄၂.၆၂၀တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၇၆၈၈၄၀.၆၂၀တင်သွင်းမှုရှိခဲ့ပါသည်။ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၄၃ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၉၁.၅၄ကျပ်ရှိကြောင်းသိရှိရပါသည်။

Source:    မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News