Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှုအခြေအနေ

Last Updated:

       ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့်ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇွန်လ  ၁၇   ရက်မှ  ၂၃   ရက်နေ့   အတွင်း  ကံပိုင်တည်  နယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ မြေထောက်ပဲ၊ ပြောင်း၊ ပဲတီစိမ်းနှင့် ဆန်ကွဲများ တင်ပို့ခဲ့ပြီး ပို့ကုန်၏စုစုပေါင်းငွေပမာဏမှာ ၇၆၇၃၇၅.၈၈၀ ကန်ဒေါ်လာတင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀ ရက်မှ ၁၆ ရက်နေ့ထိတင်ပို့ကုန်၏ငွေပမာဏ ၁၇၈၁၅၅၉.၆၅၀ ကန်ဒေါ်လာနှင့် ကာလတူတင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၁၀၁၄၁၈၃.၇၇၀ ကန်ဒေါ်လာတန်ဖိုးလျော့နည်း၍ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။
    သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ၁၇ရက်မှ ၂၃ ရက်နေ့အတွင်း စက်နှင့်စက်ပစ္စည်းများ၊ လယ်ထွန်စက်များ၊ ချည်ထည်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဓါတ်မြေသြဇာများ၊ လျှပ်စစ်ဓါတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ သားရေ/သားရေတုဖြင့် ပြုလုပ်သောပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ သံပိုက်၊ ကားတာယာနှင့် မြက်ခင်းတုများတင်သွင်းခဲ့ပြီး သွင်းကုန်၏ငွေပမာဏတန်ဖိုးမှာ ၁၁၉၉၂၈၃.၂၄ကန်ဒေါ်လာတင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဇွန်လ၁၀ ရက်မှ ၁၆ရက်နေ့ထိ တင်သွင်းကုန်၏ငွေပမာဏတန်ဖိုး ၉၇၂၁၉၀.၄၇၀ ကန်ဒေါ်လာနှင့် ကာလတူတင်သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၂၂၇၀၉၂.၇၇၀ ကန်ဒေါ်လာတန်ဖိုးပိုမို၍တင်သွင်းခဲ့သည်ကိုတွေ့ရပါသည်။
    တင်ပို့ကုန်နှင့်တင်သွင်းကုန်တို့၏ငွေပမာဏများအားနှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ငွေပမာဏမှာ၄၃၁၉၀၇.၃၆ကန်ဒေါ်လာတန်ဖိုးလျော့နည်းပြီးကုန်သွယ်မှုပြုခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရတွေ့ရပါသည်။ငွေလဲနှုန်းများမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၄၃ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၉၁.၅၄ ကျပ်ရှိကြောင်းသိရှိရပါသည်။

 Source: မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News