Local News

ပုသိမ်မြို့နယ်တွင် ရှမ်းပြည်နယ်ဘက်မှဝင်ရောက်လာသည့် အာလူးတစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ ထိ ဈေးကောင်းရရှိနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် အာလူးတစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ ထိ ဈေးကောင်းရရှိနေကြောင်း ပုသိမ်မြို့နယ် စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်သီရိက ပြောပြ၍ သိရသည်။

ပုသိမ်မြို့ ဈေးကွက်အတွင်း ရှမ်းပြည်နယ်ဘက်မှ အာလူးများဝင်ရောက်လျက်ရှိပြီး ပြီးခဲ့သည့်ဇူလိုင်လအတွင်းက ရှမ်းပြည်နယ်ဘက်မှဝင်ရောက်လာသည့် အာလူးတစ်ပိဿာလျှင် ငွေကျပ် ၁၉၅၀ ထိသာ ဈေးရှိခဲ့ပြီး ဩဂုတ်လ ၁ ရက်မှ ယနေ့(ဩဂုတ်လ ၂၉) ရက်နေ့ထိ ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် အာလူးတစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ ထိ ဈေးကောင်းရရှိနေကြောင်း သိရသည်။

“အခု ဈေးကွက်ထဲကို ရှမ်းပြည်နယ်ဘက်ကနေထွက်ရှိတဲ့ အာလူးတွေ ဝင်ရောက်နေပါတယ်။ ဝင်ရောက်လာတဲ့အာလူးတွေက လတ်ဆတ်မှုရှိပါတယ်။ အရည်အသွေးလဲ ကောင်းပါတယ်။ လက်ရှိအာလူးတွေက ပြည်တွင်းဈေးကွက်မှာကို အရောင်းအဝယ် ကောင်းနေပါတယ်” ဟု ပုသိမ်မြို့နယ် စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်သီရိက ပြောပြသည်။ ပုသိမ်မြို့နယ်   စားသောက်ကုန်ရောင်းဝယ်ရေးနှင့်   အာလူးပွဲရုံများသို့  တစ်ရက်လျှင်   အာလူးပိဿာချိန်   ၅၀၀  မှ  ၅၀၀၀  ထိ  အ‌ရောင်းအဝယ်ဖြစ်နေကြောင်း၊  အဆိုပါ  ရှမ်းပြည်နယ်ဘက်မှ  ဝင်ရောက်လာသည့် ကြင်သွန်နီများ ဈေးကောင်းရရှိလာသည့်အတွက် ကုန်သည်များ၊ ကုန်တင်ယာဉ်အဌားလိုက်သူများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ လုပ်သားများ၊ ပွဲရုံလုပ်ငန်းရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News