Local News

ကြက်သွန်နီ ဈေးကွက်အခြေအနေ

Last Updated:

 

       မေလနောက်ဆုံးအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ နေ့စဉ်ပိဿာချိန် (၂၀၀၀၀)ခန့် ဝင်ရောက်လျက်ရှိပါ သည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန် နီများ ဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်-မန္တလေးနှင့် ချင်းတွင်းအထက် မြစ်ရိုးတစ်လျှာက် တင်ပို့ လျက်ရှိကြောင်း သိရသည်။

      ယခုပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ ပေါက်ဈေးနှုန်းများ မှာ (၁)ပိဿာ ပေါက်ဈေးနှုန်းများမှာ လက်ကား(ကြီး) (၂၃၀၀-၂၁၀၀)ကျပ်၊ (လတ်) (၂၀၀၀-၁၈၅၀) ကျပ်၊ (သေး) (၁၇၀၀-၁၄၀၀)ကျပ် ပေါက်ဈေးရှိပြီး အလုံးဆိုဒ် အစိုခြောက် အရောင်အသွေးပေါ် မှုတည်၍ ဈေးနှုန်းကွာခြားမှုများရှိနေပါသည်။ ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ (ကြီး) (၂၆၀၀- ၂၄၀၀)ကျပ်၊ (လတ်) (၂၃၀၀-၂၀၀၀)ကျပ်၊ (သေး) (၁၉၀၀-၁၆၀၀)ကျပ်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ)(၈၀၀၀-၈၅၀၀)ကျပ်၊ (ရှမ်းစ) (၆၅၀၀-၇၀၀၀)ကျပ်၊ ကြူကုတ် (၅၅၀၀-၆၀၀၀) ကျပ်ဖြင့် ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး အသီးသီးအရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။       

ဇေယျာကုန်သွယ်မှုဗဟိုဌာန

 

Category: Local News