Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၂၂-၅-၂၀၂၃ မှ ၂၆-၅-၂၀၂၃) အတွင်း ကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

          ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2022 Crop) ကျပ် ၂၂၇၅၀၀၀၊ မတ်ပဲ SQ/RC  (2022 Crop) ကျပ် ၂၅၁၅၀၀၀ နှင့် ပဲစဉ်းငုံ Red/RC (2022 Crop) ကျပ် ၂၆၈၇၅၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2022 Crop) ကျပ် ၁၂၅၀၀ ၊ မတ်ပဲ SQ/RC  (2022 Crop) ကျပ် ၁၂၅၀၀ နှင့် Red/RC (2022 Crop) ကျပ် ၁၂၅၀၀ ဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲFAQ/RC (2022 Crop) ကွန်တိန်နာ ၆၅ လုံး ( တန်ချိန် ၁၅၆၀) နှင့် ပဲစဉ်းငုံ Red/RC (2022 Crop) ကွန်တိန်နာ ၁၅ လုံး ( တန်ချိန် ၃၆၀ ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲFAQ/RC (2022 Crop) ကွန်တိန်နာ ၂၅ လုံး ( တန်ချိန် ၆၀၀) နှင့် ပဲစဉ်းငုံ Red/RC (2022 Crop) ကွန်တိန်နာ ၁၀ လုံး ( တန်ချိန် ၂၄၀ ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲFAQ/RC (2022 Crop) ကွန်တိန်နာ ၄၀ လုံး (တန်ချိန် ၉၆၀) နှင့် ပဲစဉ်းငုံ Red/RC (2022 Crop) ကွန်တိန်နာ ၅ လုံး ( တန်ချိန် ၁၂၀) လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။

ငရုတ်

       ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ မြှားနီ ကျပ် ၁၁၅၀၀၊ ပန်းရဲငရုတ်(သစ်) AC ကျပ် ၁၂၀၀၀၊ မိုးထောင်( ဒီမွန်) ကျပ် ၁၃၀၀၀၊ အိမ်မဲ ကျပ် ၁၁၀၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၆၅၀၀ နှင့် မြစ်ဝ(ပု)သစ် ကျပ် ၁၄၅၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မိုးထောင်( ဒီမွန်) ကျပ် ၃၀၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်ငရုတ်ဈေးများငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ငရုတ်ရှည် အိတ်ပေါင်း ၂၅၀၀ ( ၅၀၀၀၀ ပိဿာ ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၄၇၀၀ ( ၉၄၀၀၀ ပိဿာ ) နှင့် ငရုတ်ပုအိတ်ပေါင်း ၁၂၀၀ ( ၁၈၀၀၀ ပိဿာ ) ဝင်ရောက်ခဲ့သဖြင့် ငရုတ်ရှည် အိတ်ပေါင်း ၂၂၀၀ ( ၄၄၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၂၀၀( ၁၈၀၀၀ ပိဿာ ) ပိုမို ဝင်ရောက်ခဲ့ကြောင်းသိရသည်။

မန်ကျည်း

    ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၁၅၀၀ ၊ မန်ကျည်းအသား (သစ်) ကျပ် ၂၆၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီးဈေးများငြိမ်လျက်ရှိကြောင်းသိရသည်။

ထန်းလျက်၊ ကြံသကာ နှင့် သကြား

   ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ကြံသကာနှင့်သကြား(တစ်ပိဿာ)ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၂၇၅၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၃၀၅၀၊ ပခုက္ကူကြမ်းကျပ် ၂၈၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၃၆၀၀၊ ကြံသကာ(စစ်) ကျပ် ၂၉၀၀ နှင့် သကြား( ပြည်တွင်း)ကျပ် ၃၃၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ညောင်ဦးဆေးရှယ် (ထန်း) ကျပ် ၁၀၀ ဈေးမြင့်တက်ခဲ့ပြီး ရေစကြို ထန်းလျက်(ချော) ကျပ် ၁၀၀ ဈေးကျဆင်းခဲ့ ကြောင်းသိရသည်။

SSMaw (Domestic (Ygn) MITC

 

 

 

Category: Local News