Local News

ပဲတီစိမ်း၊ မတ်ပဲနှင့်ကုလားပဲစျေး အနည်းငယ်မြင့်တက်

Last Updated:

မကွေးတိုင်းဒေသကြီး၊ အောင်လံကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်ဖောက်ကားလျှက်ရှိရာ အဓိကအရောင်း အဝယ်ဖြစ်သည့်သီးနှံများမှာ နှမ်းနက်(စမုံ)၊ ပဲစဉ်းငုံ(နီ)၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲကြီး၊ ကုလားပဲနှင့်မြေပဲတို့ဖြစ်ပြီး နှမ်းနက်(စမုံ)၊ ပဲစဉ်းငုံ(နီ)နှင့် ပဲကြီးသီးနှံတို့သည် ယခုတစ်ပတ်အတွင်း စျေးနှုန်းအတက်အကျမရှိဘဲ  ပဲတီစိမ်း၊ မတ်ပဲနှင့် ကုလားပဲစျေးတို့မှာ စျေးအနည်းငယ်မြင့်တက်ကာ  အရောင်းအဝယ်ဖြစ်နေပါသည်။

(၂၅.၇.၂၀၂၃)ရက်နေ့စျေးနှုန်းများမှာ နှမ်းနက်(စမုံ)၄၅ပိသာ(၃)တင်းဝင် တစ်အိတ်လျှင် ကျပ်(၂၈ဝဝဝဝ)စျေး၊ ပဲစဉ်းငုံ(နီ)၂၀ပိသာဝင် တစ်တင်းလျှင် ကျပ်(၉၅ဝဝဝ)စျေး၊ မတ်ပဲ ၂၀ပိသာဝင် တစ်တင်းလျှင် ကျပ်(၇၂ဝဝဝ)စျေး၊ ပဲကြီး ၂၀ပိသာဝင် တစ်တင်းလျှင် ကျပ်(၉၈ဝဝဝ)စျေး၊ ပဲတီစိမ်း ၂၀ပိသာဝင် တစ်တင်းလျှင် ကျပ်(၆၁ဝဝဝ)စျေး၊ ကုလားပဲ(HL) ၂၀ပိသာဝင် တစ်တင်းလျှင် ကျပ်(၉၀ဝဝဝ)စျေး၊   ကုလားပဲ(မြကြေး) ၂၀ပိသာဝင်တစ်တင်းလျှင် ကျပ်(၉၀ဝဝဝ)စျေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

(၂၂.၇.၂၀၂၃) ရက်နေ့ စျေးနှုန်းများမှာ နှမ်းနက်(စမုံ)ကျပ်(၂၈ဝဝဝဝ)စျေး၊ ပဲစဉ်းငုံ(နီ) ကျပ်(၉၅ဝဝဝ)စျေး၊ မတ်ပဲ ကျပ်(၇၁ဝဝဝ)စျေး၊ ပဲကြီး ကျပ်(၉၈ဝဝဝ)စျေး၊ ပဲတီစိမ်း ကျပ်(၅၇၀ဝဝ) စျေး၊ ကုလားပဲ(HL) ကျပ်(၈၈ဝဝဝ)စျေး၊ ကုလားပဲ(မြကြေး) ကျပ် (၈၈ဝဝဝ)စျေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ပဲတီစိမ်း(၅ဝဝဝ)ကျပ်၊ မတ်ပဲ (၁၀၀၀)ကျပ်၊ ကုလားပဲ(HL) (၂၀၀၀)ကျပ်၊ ကုလားပဲ(မြကြေး) (၂၀၀၀)ကျပ်တို့ အသီးသီးစျေးတက်ကာ အရောင်း အဝယ်ဖြစ်လျှက် ရှိပါသည်။

အရောင်းအဝယ်ဖြစ်သည့် အရေအတွက်မှာ နှမ်းနက်(စမုံ) အိတ်ရေ(၇၅၀)၊ ပဲစဉ်းငုံ(နီ) အိတ်ရေ(၆၅၀)၊ မတ်ပဲ အိတ်ရေ(၂၃၀)၊ ပဲကြီးအိတ်ရေ(၆၃၀)၊ မြေပဲလုံးဆံ(ဖြူ) အိတ်ရေ(၂၈၀) ပဲတီစိမ်းအိတ်ရေ(၁၈၀၀)၊ ကုလားပဲ(HL) အိတ်ရေ(၇၀၀)၊ ကုလားပဲ(မြကြေး) အိတ်ရေ(၅၅၀) တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News