Local News

ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ကုန်သွယ်မှုသတင်း

Last Updated:

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ (၁၅-၇-၂၀၂၃)မှ(၂၁-၇-၂၀၂၃) အထိ အမှန်တင်ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့၊ ဇီးဖတ်၊ ချင်း(အစို) နှင့် ဇီးယိုထုပ်တို့ တင်ပို့ရာ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၅၅၀၅၀ ဒေါ်လာ  တင်ပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၃ ခုနှစ် ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် ဇီးဖတ်တန်ချိန် ၉၀ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ဇီးဖတ်တန်ချိန် ၁၇၁ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ဇီးဖတ်တန်ချိန် တင်ပို့နိုင်မှု လျော့နည်းသွားကြောင်း သိရပါသည်။ ယခုအပတ် ဇီးဖတ်တင်ပို့နိုင်မှုငွေပမာဏမှာ ၁၀၃၅၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

ရခိုင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News