Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၉ ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၁၂.၇၁၅) အမေရိကန်ဒေါ်လာသန်း၊ သွင်းကုန် (၃၇.၇၂၉)အမေရိကန်ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ (၅၀.၄၄၄) အမေရိကန် ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်များမှာ ရော်ဘာ (၄,၆၁၀.၃၄၀) တန်၊ ပဲယင်း (၂,၀၁၄)တန်၊ ပဲတီစိမ်း (၁,၇၆၇) တန်၊ မြေထောက်ပဲ (၆၉၄.၉၉၉) တန်၊ ပြောင်း (၂,၀၅၄.၇၅၀) တန်၊ စွန်တာနီပဲ (၈၁၆.၀၀၀) တန်၊ ပဲနီကြား (၆၇၈.၀၀) တန်၊ ထောပတ်ပဲ (၂၃၈.၀၀) တန်၊ နှမ်းနက် (၁၆၉.၅၀) တန် နှင့်  ပဲလွန်းဖြူ (၃၂၃.၂၅) တန် ဖြစ်သည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ချည်ထည်များ၊ ဓာတ်မြေဩဇာ၊ စက်နှင့် စက်အပိုပစ္စည်းများ၊ ဇာနှင့်ဇာထိုးထားသောအထည်အလိပ်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဓာတုဗေဒပစ္စည်းများ၊ သံနှင့် သံမဏိပစ္စည်း (လုပ်ငန်းသုံး)၊ ဆေးဝါးပစ္စည်းများနှင့် တာယာနှင့် ကျွတ်များ တင်သွင်းနိုင်ခဲ့သည်။

Source: https://commerce.gov.mm

Category: Local News