Local News

စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့မှ (၂၅)ရက်နေ့အထိ ကုန်သွယ်မှုဆောင်ရွက်နိုင်မှုအခြေအနေတင်ပြခြင်း

Last Updated:

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေး စခန်းတို့ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁၉) ရက်နေ့မှ (၂၅)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိကန်ဒေါ်လာ (၀.၀၉၃၂)သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ (-)သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၀၉၃၂)သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရပါသည်။

တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀) နှုန်းဖြင့် (၂၀၃)တန်၊ တန်ဖိုး (၀.၀၂၀၃) ဒေါ်လာသန်း၊  ဇီးဖတ် (၁)တန်လျှင် အမေရိကန် ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၁၇၀)တန်၊ တန်ဖိုး (၀.၀၁၉၆) ဒေါ်လာသန်း၊ ဂျင်းအစို (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၄၅၀)နှုန်းဖြင့် (၈၉)တန်၊ တန်ဖိုး (၀.၀၄၀၁) ဒေါ်လာသန်း၊ အုန်းသီး (၁)တန် လျှင်အမေရိကန်ဒေါ်လာ (၃၀၀)နှုန်းဖြင့် (၁၅)တန်၊ တန်ဖိုး (၀.၀၀၄၅) ဒေါ်လာသန်းနှင့် ဇီးယိုထုပ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၅၀)နှုန်းဖြင့် (၃၅)တန်၊ တန်ဖိုး (၀.၀၀၈၈) ဒေါ်လာသန်းတို့ကို တင်ပို့နိုင်ခဲ့ပါသည်။

ဒေါ်လာငွေလဲနှုန်းအနေဖြင့်(၁)ဒေါ်လာလျှင်(၁၁၈.၁၀)တာကာနှင့်(၁)တာကာလျှင် (၃၀.၅၀၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ကုန်ပစ္စည်းသယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာကုန် ကျစ်(၁) ပိဿာ (၃၅၀)ကျပ်နှင့် ကုန်ပွ(၁)ပိဿာလျှင် (၄၀၀-၄၅၀)ကျပ် ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနပ်ဖ် သင်္ဘောတင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀)ကျပ်ခန့်ရှိ ကြောင်း သိရှိရပါသည်။

ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှုမရှိဘဲ (၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံအကြား ရေမိုင် (၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်းအခြေအနေမှာ မိုးရာသီကာလအတွင်း ပင်လယ်ပြင်ရာသီဥတုအခြေအနေပေါ် မူတည်၍ ကုန်တင်လှေများ သွားလာလျက်ရှိပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့မှ (၂၅)ရက်နေ့အတွင်းကုန်စည်ပေါက်ဈေး

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့ မှ (၂၅)ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွှေပေါက်ဈေးမှာ (၁) အောင်စလျှင် (2၁၃၄၃၈.၀၀) တာကာနှင့် အခြေခံစားကုန်ဈေးနှုန်းများမှာ ဆန်(အဖြူ) (၁) ကီလို (၇၅.၀၀)တာကာ၊ ကြက်သွန်နီ (၁) ကီလို (၇၅.၀၀) တာကာ၊ အာလူး (၁) ကီလို (၄၅.၀၀) တာကာ၊ ခရမ်းချည်သီး (၁) ကီလို (၁၅၀.၀၀) တာကာ၊ ကြက်သား (၁) ကီလို (၂၉၀.၀၀) တာကာ၊ ကြက်ဥ (၁) ဒါဇင် (၁၅၅.၀၀) တာကာ ဈေးရှိကြောင်း သိရှိရပါသည်။ အဆိုပါနေ့ရက်အတွင်း ငွေလဲနှုန်းမှာ (၁)တာကာလျှင် (၃၀.၅၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ လယ်ယာလုပ်ငန်း လုပ်ကိုင်သူများအတွက် အဓိကထား ထုတ်လုပ်လျက်ရှိသည့် ဓါတ်မြေသြဇာတင်ပို့မှုကို တင်းကြပ်စွာ တားဆီးပိတ်ပင်လျက်ရှိ ကြောင်း ကုန်သည်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News