Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ( ၂၃ ) ရက်နေ့မှ ( ၂၇ ) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၂၃၄) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၂၁၇) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၄၅၁) ဒေါ်လာသန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဩဂုတ်လ ( ၂၃ )ရက်နေ့မှ ( ၂၇ ) ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၉၂.၈၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၈၁) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၇.၂၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၇၇) သန်း၊ ဂုံး (အရှင်) (၂၄.၆၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၃၇၀)သန်း၊ ဂဏန်း(အသေ) (၄.၈၆)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၅၇)သန်း၊ ဂျယ်ရီငါးဆားနယ်  (၇)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၃၂)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၆၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၃၀)သန်း၊ ငှက်ပျောသီး (၃၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၀၆)သန်း၊ တံမြက်စည်း (၃၃၀၀၀ U) တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၆၆)သန်း၊ ငရုတ်သီးစိမ်း (၁.၉)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၅)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၄.၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၃)သန်း၊ ဆောက်လုပ်ရေးသုံး မှန် (၁၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၉)သန်း၊ ကြွေပြား (၇၀၀) M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၃) သန်း၊ ပုစွန်သားပေါက် (၄.၂သန်း) U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၄၉)သန်း၊ ပလတ်စတစ် ခွက် (၁)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၃)သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း မှာ - ငါးမျိုးစုံ (၁၁၆၄.၂၄) ဒေါ်လာနှုန်း၊ (၉၂.၈၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၈၁) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၈၀၄.၉၅) ဒေါ်လာနှုန်း၊ (၇.၂၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၇၇) သန်း၊ ဂုံး (အရှင်) (၁၅၀၁.၀၁) ဒေါ်လာနှုန်း၊ (၂၄.၆၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၇၀) သန်း၊ ဂဏန်း (အသေ) (၁၁၇၂.၈၄) ဒေါ်လာနှုန်း၊ (၄.၈၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅၇) သန်း၊ ဂျယ်ရီငါးဆားနယ် (၁၈၈၅.၇၁) ဒေါ်လာနှုန်း၊ (၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၂) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၀၀၀) ဒေါ်လာနှုန်း၊ (၀.၆၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၀) သန်း၊ ငှက်ပျောသီး (၃၀၂.၈၆) ဒေါ်လာနှုန်း၊ (၃၅) တန်၊ ကန်ဒေါ်လာ (၀.၀၁၀၆) ဒေါ်လာသန်း၊ တံမြက်စည်း (၀.၂) ဒေါ်လာနှုန်း၊ (၃၃၀၀၀)U၊ ကန်ဒေါ်လာ (၀.၀၀၆၆) ဒေါ်လာသန်း၊ ငရုတ်သီးစိမ်း (၇၈၉.၄၇) ဒေါ်လာနှုန်း၊(၁.၉) တန်၊ ကန်ဒေါ်လာ (၀.၀၀၁၅) ဒေါ်လာသန်း ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏(၁) တန် ဈေးနှုန်းမှာ - သစ်သီး (၂၈၈.၈၉) ဒေါ်လာနှုန်း၊ (၄.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၃) သန်း၊ ဆောက်လုပ်ရေးသုံးမှန် (၂၉၀) ဒေါ်လာနှုန်း၊ (၁၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၉) သန်း၊ ကြွေပြား (၁)M2၏ ဈေးနှုန်းမှာ (၃.၂၉)ဒေါ်လာနှုန်း၊ (၇၀၀)M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၃) သန်း၊ ပုစွန်သားပေါက် အကောင်ရေ (၁)သန်း ဈေးနှုန်းမှာ (၃၅၄၇.၆၂) ဒေါ်လာနှုန်း၊ (၄.၂)သန်း U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၄၉) သန်း၊ ပလတ်စတစ်ခွက် (၁)တန် ဈေးနှုန်းမှာ (၃၀၀) ဒေါ်လာနှုန်း၊ (၁)တန် တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၃) သန်း ဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း၏ ကျပ်၊ ဘတ် ငွေလဲနှုန်း

မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၇-၈-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် (၁) သိန်းလျှင် ဘတ် (၉၈၀.၃၉)၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၀၂) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်ကျခဲ့ပါကြောင်း သုံးသပ်သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News