Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့/ တင်သွင်းနိုင်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့မှ ဩဂုတ်လ (၂၇) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၇.၂၀) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်းအား အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့်ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေး စခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း)ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့်မြိတ်-ထားဝယ် - ရန်ကုန် လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ် ဩဂုတ်လ(၂၃) ရက်နေ့မှ ဩဂုတ်လ(၂၇) ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှုဓါတ်ဆီ တစ်တန်လျှင် (၉၄၉) ဒေါ်လာနှုန်းဖြင့် (၃၀၀) တန်၊ တန်ဖိုး (၀.၂၈၅) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၃၂၁၀) ကျပ်နှင့် ဒီဇယ်တစ်လီတာ (၃၂၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ ဘတ်ငွေလဲ နှုန်းမှာ (၁) ဘတ်လျှင် (၁၀၈) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News