Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/သွင်းကုန်ကုန်သွယ်နိုင်မှု

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁၉-၈-၂၀၂၃ မှ ၂၅-၈-၂၀၂၃) ရက်နေ့ထိပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်းတန်ချိန် (၁၁၃၄.၁) တန်၊ တန်ဖိုး (၀.၃၄၀)ဒေါ်လာသန်း၊ ကော်ဖီစေ့တန်ချိန် (၁၇) တန်၊ တန်ဖိုး (၀.၀၄၃)ဒေါ်လာသန်း၊ ကြက်သွန်နီတန်ချိန် (၃၀) တန်၊ တန်ဖိုး (၀.၀၁၇)ဒေါ်လာသန်း၊ ကြက်သွန်ဖြူတန်ချိန် (၂၅၁) တန်၊ တန်ဖိုး (၀.၅၀၅)ဒေါ်လာသန်း၊ ရော်ဘာစေးတန်ချိန် (၁၈၀) တန်၊ တန်ဖိုး (၀.၁၄၃)ဒေါ်လာသန်း၊ လက်ဖက်ခြောက်တန်ချိန် (၁၆.၈) တန်၊ တန်ဖိုး (၀.၀၀၉)ဒေါ်လာသန်း၊ ဇီးသီးခြောက်တန်ချိန် (၁၇) တန်၊ တန်ဖိုး (၀.၀၁၄)ဒေါ်လာသန်း၊ အခြားကုန်ကြမ်းပစ္စည်းများတန်ချိန် (၁၉၈) တန်၊ တန်ဖိုး (၀.၀၃၄)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။တာချီလိတ် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိ(၄)မိုင်ဂိတ်၊ တာကော်တံတားဂိတ်၊ ကျိုင်းတုံ (နောင်နွန်းဂိတ်)၊ မိုင်းဖြတ်ဂိတ်၊ ဝှေ့ရဲဂိတ်တို့မှ ပို့ကုန်ယာဉ်များအားကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ် (QR) စစ်ဆေး၍ ဆောင်ရွက်နေသည့်အတွက် ကုန်သွယ်မှုတွင်လွယ်ကူချောမွေ့လျက်ရှိပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၉၄၁) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာယခုအပတ်တွင် ဘိလပ်မြေ (၀.၄၂၉) ဒေါ်လာသန်း၊ ရေနံထွက်ပစ္စည်း (ဒီဇယ်/ဓာတ်ဆီ) (၀.၃၆၃) ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၅၀) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းတန်ဖိုး (၀.၀၃၃) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများတန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများတန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ ဓါတုဗေဒပစ္စည်းများတန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ သုတ်ဆေး/ပေါလစ်များ (၀.၀၁၀) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၅၂) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၀၀၄) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၀၀၂) ဒေါ်လာသန်း၊ သတ္တုကုန်ကြမ်းပစ္စည်းများ (၀.၀၀၅) ဒေါ်လာသန်း၊ သွပ်ပြား (၀.၀၀၂) ဒေါ်လာသန်းအပါအဝင် သွင်းကုန်တန်ဖိုး (၁.၁၂၉) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။၂၀၂၃ ခုနှစ် ၊ ဩဂုတ်လ(၁ ရက်နေ့မှ ၂၅ရက်နေ့ထိ) သွင်းကုန်တန်ဖိုးဒေါ်လာ (၃.၅၃၈) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News