Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ ဩဂုတ်လ (၁)ရက် မှ(၂၅)ရက်ထိ ကုန်သွယ်မှု အခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၂.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၃.၀၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။ ဩဂုတ်လ(၂၅)ရက်နေ့အထိအမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၀.၇၈၀) ဒေါ်လာသန်း၊ သွင်းကုန် (၁.၃၁၁)ဒေါ်လာသန်း၊စုစုပေါင်း(၂.၀၉၁)ဒေါ်လာသန်းဖြစ်သဖြင့်ကုန်သွယ်မှုလျာထားချက်အပေါ် (၆၉.၇၀%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

ဩဂုတ်လ (၂၅)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျောတင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ၊ တင်သွင်းနိုင်ခဲ့ပါသည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့ထိ  ပို့ကုန်ပိုင်းတွင်  အဓိကပို့ကုန်ဖြစ်သည့်  တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၄၉၃)ယွမ်/ (၃၄၅.၄၀) ဒေါ်လာတို့ဖြင့် တန်ချိန်(၂၂၆၇)တန်၊ တန်ဖိုး (၇၇၉၇၇၈.၄၁) ဒေါ်လာ တင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများအနေဖြင့် Compound Fertilizer (N:18%, P2O5:18%, K2O : 18%) ဈေးနှုန်းတစ်တန်လျှင် (၃၅၀) ဒေါ်လာ ဖြင့်တန်ချိန် (၁၄၂၄) တန်၊ တန်ဖိုး (၄၉၂၁၂၇.၄၀) ဒေါ်လာ၊ Hollow Pipe ဈေးနှုန်း တစ်တန်လျှင် (၇၀၀) ဒေါ်လာဖြင့် တန်ချိန် (၆၃.၆၀၀) တန်၊ တန်ဖိုး (၅၀၀၂၄.၃၈၀) ဒေါ်လာ၊ Iron Pipe ဈေးနှုန်း တစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၆၆.၁၀၀) တန်၊ တန်ဖိုး (၄၄၉၈၉.၉၀၀) ဒေါ်လာ၊ Iron Sheet In Coil ဈေးနှုန်းတစ်တန်လျှင် (၅၀၂၀) ဒေါ်လာဖြင့် တန်ချိန် (၄၄.၂၀၀) တန်၊ တန်ဖိုး (၄၁၉၉၅.၉၁၀) ဒေါ်လာ၊ Artificial Grass ဈေးနှုန်းတစ်တန်လျှင်(၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၁၇၈.၅၅၀)တန်၊ တန်ဖိုး(၁၂၀၀၄၂.၃၈၀) ဒေါ်လာ၊ Appleတစ်တန်လျှင် (၄၂၃) ဒေါ်လာဖြင့် တန်ချိန် (၁၇.၁၀၀) တန်၊ တန်ဖိုး (၇၀၅၁.၇၂၀) ဒေါ်လာ၊ Ceramic Tile Plain ဈေးနှုန်း (1 M2)လျှင် (၃.၈) ဒေါ်လာဖြင့်(၁၀၄၀၀) M2 ၊တန်ဖိုး (၃၉၄၂၀.၅၇၀) ဒေါ်လာ၊ တင်သွင်းနိုင်ခဲ့ပြီး အခြားရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းပစ္စည်းများနှင့်လူသုံးကုန်ပစ္စည်းများ(ပန်းသီး၊ လိမ္မော်သီးနှင့်အဝတ်အထည်များ) တင်သွင်းနိုင်လျက်ရှိပါသည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့်တင်ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ် ဆို့ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News